6.13

463 32 8
                                    

<Unicode>
နောက်တစ်နေ့ ပိုင်ရှို့ချင်းအချိန်ပိုင်းအလုပ်တွေဆက်တိုက်သွားလုပ်ပြန်သည်။ချန်ရှင်းယွဲ့က အဖွဲ့လိုက် ဂိမ်းကစားဖို့အရင်က ပိတ်ထားတဲ့ ဂိုဒေါင်ဟောင်းကို အလုပ်သမား‌တွေနဲ့သန့်ရှင်းရေးလုပ်ပြီး ကွန်ပျူတာတွေထည့်နေသည်။

ထျန်ဇဲ့ချင်နဲ့ဟွားချင်ကတော့ အရင်ကသူတို့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဟန်လုံဖန်းကိုဆက်သွယ်ပြီးအရင်လိုဂိမ်းပြန်ဆော့ဖို့မဲဆွယ်တော့သည်။

ဟန်လုံဖန်းက သူတို့အဖွဲ့ပျက်သွားကတည်းက ရွာပြန်ပြီးလယ်လုပ်နေခဲ့သည်။အိမ်အလုပ်တွေနဲ့မအားတာကြောင့် ဂိမ်းတောင်မကစားဖြစ်တော့ပေ...

အရည်အချင်းတွေကျကုန်လောက်ပြီဆိုပြီး ငြင်းနေပေမဲ့ ထျန်ဇဲ့ချင်းတို့က အိမ်တိုင်ရာရောက်ကားနဲ့သွားခေါ်တာကြောင့် ပါလာခဲ့သည်။

ညနေ 2 နာရီခွဲတော့ ပိုင်ရှို့ချင်းအိမ်သို့ ချန်ရှင်းယွဲ့ရောက်လာသည်။ပိုင်ရှို့ချင်းရဲ့အခန်းသွားပြီး တံခါးသွားခေါက်လိုက်သည်။

"ဒေါက်ဒေါက် ပေါင်ပေ့ ကလေးရေ"

"လာပြီ ဟင် ကိုကိုဘယ်လိုရောက်လာတာလဲ"

"ကလေးကိုလာခေါ်တာ"

"ဟမ် ဘယ်ကိုလဲ"

"ကိုယ့်အိမ်ကိုလေ"

"ဘာ ဘာလို့လဲ"

"အဖွဲ့သားတွေနဲ့ကျင့်ဖို့လေ အဲ့တာ ကိုယ့်အိမ်မှာစုနေပြီကျင့်ကြမှာ "

"အဲ့ဆို ကျနော်က ကိုကို့အိမ်မှာလိုက်နေရမှာလား"

"ဒါပေါ့ ဒီအခန်းကိုပြန်အပ်လိုက် အဝတ်တွေထုပ်ပိုးပြီး တစ်ခါထဲသွားရအောင် ရှုပ်ပါတယ် ကိုယ်ဘဲထည့်လိုက်မယ်"

ချန်ရှင်းယွဲ့ သူ့ဟာသူအဝတ်တွေအကန်ုထုပ်ပိုးပြီး ကွန်ပျူတာကိုပါ သယ်လိုက်သည်။

"လာသွားရအောင်"

"ဟို ကျနော့်အချိန်ပိုင်းအလုပ်တွေ.."

"ကိုယ့်လက်ထောက်ကိုခိုင်းလိုက်မယ်သွားရအောင် အိမ်ရှင်ကိုလည်း ကိုယ့်လက်ထောက်ကဖြေရှင်းပေးလိမ့်မယ်"

အော်သွယ်တော် system Where stories live. Discover now