2.5

1K 62 2
                                    

<Unicode>
မနက် ကျောက်ဆန်းယွင် ထပြီး မျက်နှာသစ်ဖို့ပြင်တော့ ရေကကုန်နေပြီ ...ရေခပ်တဲ့သစ်သားပုံးကို ဆွဲပြီး ချောင်းထဲသွားမလို့ပြင်တော့

"လူလေး ဘယ်သွားမလို့လဲ"

"ရေသွားခပ်မလို့ပါအဘွား အိမ်မှာနေခဲ့အုံးနော် မျက်နှာသစ်ဖို့ရေခပ်ပြီးပြန်လာခဲ့မယ်"

"အလုပ်ရှုပ်အောင်လို့ သားရယ် အဘွားတို့ပါ လိုက်ခဲ့မယ်"

"ဟုတ်ကဲ့ပါ အဘွား"

အဘွားလည်း သူ့မြေးလက်ကို တွဲပြီး ကျောက်ဆန်းယွင်နောက်လိုက်သွားသည်။စမ်းချောင်းနံဘေးရောက်တော့ အဘွားက ရေတိမ်တဲ့နေရာမှာ မြေးကိုအရင်မျက်နှာသစ်ပေးလိုက်သည်။ပြီးမှ သူပြန်သစ်လေသည်။

ကျောက်ဆန်းယွင် ကုန်းပြီးရေခပ်နေချိန် အနောက်ကနေ တစ်စုံတစ်ယောက်က တွန်းလိုက်တာကြောင့် ရေထဲ ကာယားကျသွားလေသည်။

ရေက သိပ်မနက်ဘူးဆိုပေမဲ့ ဒူးခေါင်းကျော်ကျော်မို့ မှောက်လျက်ကျချိန် တစ်ကိုယ်လုံးမြှုပ်သွားသည်။

ရေမွန်းပြီး အမြန်ထရပ်ကာ

"ဖလူး ဖလူး "

ဆိုတဲ့အသံနဲ့အတူ ရေတွေမှုတ်ထုတ်လိုက်သည်။စိုသွားဆံပင်တွေကို လှန်တင်လိုက်တာကြောင့် လှပတဲ့မျက်နှာက ပေါ်လာသည်။

ရေစက်လေးတွေက ဆံပင်ကနေတစ်ဆင့် ခန္ဓာကိုယ်ပေါ် တစ်စက်ချင်းကျဆင်းနေသည်။

တစ်ချို့ရေစက်တွေ မျက်တောင်ကော့ကော့ပေါ်မှာ တင်ကျန်ရစ်နေပုံက အလှပိုစေသည်။ရေစိုနေတဲ့ ခန္ဓာကိုယ်က အဖြူရောင်အဝတ်အောက်မှာ အထင်းသားပေါ်လွင်နေသည်။

တွန်းချတဲ့ကလေးက ခုန်ပေါက်ကာ

"အဟားဟား ကောကောရေစိုသွားပြီ "

ဆိုပြီး လှည့်ပတ်ကာ ပြောနေသည်။အဘွားကတွေ့တော့

"မြေးလေး ဘာလို့အဲ့လိုသွားတွန်းချတာလဲ "

"သားက ကောကောကို စချင်လို့ပါ😥😥"

"အဲ့လိုမစရဘူးလေ ဟိုမှာကြည့်စိုကုန်ပြီ"

"သားမှားသွားပါတယ်"

ကျောက်ဆန်းယွင်လည်း မျက်နှာငယ်‌နဲ့ပြောနေတဲ့ကလေးကြောင့်

အော်သွယ်တော် system Where stories live. Discover now