2.1

1.1K 70 2
                                    

<Unicode>
ရှောင်းကျန့် ဒီကမ္ဘာရောက်တော့ နေရာတစ်ခုမှာထိုင်‌ကာ ကုချင်းရှေ့မှာ ပုဝါအုပ်ပြီး တီးဖို့ပြင်နေသည်။ system လေးက မညှာမတာပို့လိုက်တာကြောင့် မူးနေရတဲ့အထဲ ပုဝါကပါ ရှုပ်နေတာကြောင့် ဆွဲဖြုတ်လိုက်သည်။

ထိုအချိန်

"ဝိုး လှလိုက်တာ"

"ဟုတ်ပ နတ်သမီးလေးကြလို့"

ဆိုတဲ့စကားသံတွေကိုကြားလိုက်ရသည်။

'သားသားလေး'

'ဟွန့်'

' system လေးရေ Panda လေးရေ ဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ'

'သေတော့မှာလေ'

'ငင့် အားကြီးနဲ့'

'မီးစင်ကြည့်က မဟုတ်ရင် ရောက်တာနဲ့ ခေါင်းဖြတ်အသတ်ခံနေရမယ်'

ရှောင်းကျန့်လည်း အားလုံးကို အပြုံးလှလှပေးလိုက်ပြီး လက်ချောင်းလှလှလေးတွေကို စတင်တီးခတ်တော့သည်။

သူတီးတာက အရင်ကမ္ဘာက သူနဲ့ မြင်တိုင်းချစ်အကြောင်း ကို အခြေခံပြီး ဟုတ်တာရော မဟုတ်ရော သီချင်းလုပ်ကာတီးခတ်လိုက်သည်။

ပထမပိုဒ်မှာတော့ အလွန်ဆိုးသွမ်းတဲ့နေရာတစ်ခုမှာ တစ်ယောက်ထဲအထီးကျန်နေတဲ့ကောင်လေးရဲ့ နေထိုင်ပုံကိုပုံဖော်တီးခတ်လိုက်သည်။

တစ်နေ့တော့ အလွန်ချောတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ပြီး သူ့ဘဝက လိမ္မာရေးခြားရှိလာပြီး ထိုကောင်လေးနဲ့ အတူတူပျော်ရွှင်နေပုံကို တီးခတ်လိုက်သည်။

တီးခတ်တာအလွန်ကောင်းတာကြောင့် လူတိုင်းက သံစဉ်နဲ့အတူပျော်ရွှင်ကာ ပြုံးလာကြသည်။

‌ဒုတိယပိုဒ်မှာတော့ ကျောင်းကိုအတူတူတက်ပြီး ကျောင်းပြီးသွားတော့ အပြင်လောကမှာ အလုပ်လုပ်ပုံကို ပုံဖော်တီးခတ်လိုက်သည်။

အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့လုပ်ကိုင်ပုံ အထက်လူကြီးတွေဆီက အဆူခံရပုံ တစ်ခါတစ်လေ ရန်ဖြစ်ပုံ ရီမောပုံ‌တို့ကို တီးခတ်လိုက်သည်။

တတိယပိုဒ်မှာတော့ ‌ထိုကောင်လေးနှစ်ယောက် ပြန်ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့သည်။နှစ်ယောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းပြီး နှစ်အနည်းငယ်အကြာမှာ လက်ထပ်ခဲ့သည်။

အော်သွယ်တော် system Where stories live. Discover now