6.21 (ပြီး)

876 46 21
                                    

<Unicode>
ကျင်းယင် သူ့အသင်းရဲ့ကူညီသူသေဆုံးသွားတာကြောင့် အတော်ဒေါသထွက်သွားသည်။အသင်းတစ်သင်းမှာ ကူညီသူကအတော်အရေးပါတာကြောင့် ကူညီသူသေသွားတာက အနိုင်ရဖို့အတွက်ခက်ခဲစေသည်။

ကျင်းယင်သူ့အဖွဲ့သားတွေကို

"သူတို့ တစ်ယောက်ချင်းစီသတ်ဖို့ပြင်နေကြတယ်ထင်တယ် ငါသာဆိုရင် နောက်သတ်မဲ့သူက မှော်ဆရာဘဲ မှော်ဆရာကိုကာကွယ်ကြ"

အိုင်းအဖွဲ့သားတွေကလည်း မှော်ဆရာကို ကာကွယ်ဖို့စုဝေးသွားချိန် နတ်ဆိုးကပြုံးလိုက်သည်။

"မင်းရဲ့ဉာဏ်ကောင်းမှုကြောင့် အခုမင်းအဖွဲ့သားအားလုံးသေရတော့မယ် good bye အိုင်း"

နတ်ဆိုးရဲ့စာကို ကျင်းယင်တွေ့တော့

"မကောင်းတော့ဘူး လူစုအမြန်ခွဲ"

သို့သော်သူပြောလိုက်ချိန် နောက်ကျသွားလေပြီ သူ့အသင်းသားအကုန်လုံးက နတ်ဆိုးရဲ့ ရေခဲ skill မိပြီး မှော်ဆရာနန်လီရဲ့ သတ်ဖြတ်ခြင်းနယ်မြေထဲကို ဆွဲသွင်းခံလိုက်ရပြီဖြစ်သည်။

၅ စက္ကန့်အကြာမှာ အိုင်းအဖွဲ့သား ၃ ယောက်က သွေး  5% နဲ့မြေပြင်ပေါ်ပြန်ကျလာသည်။ထိုအချိန် ဖန်းချဲရဲ့လောင်ချာစာမိပြီး အသက်သေဆုံးသွားကြသည်။

နတ်ဆိုးတို့ ငါးယောက် လက်နက်ကိုယ်စီကိုင်ပြီး ကျင်းယင်ရဲ့အရှေ့မှာရပ်လိုက်ကြသည်။ကျင်းယင်က အတော်ဒေါသထွက်သွားပေမဲ့ သူ့စီမှာ ဘယ်သူမှမမြင်ဖူးတဲ့ skill တစ်ခုရှိသေးတာကြောင့် မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်သည်။

ပြီးတော့ သူ့ရဲ့အရိပ်မဲ့ skill ကိုဖွင့်လိုက်သည်။ထို skill က သူ့ဇာတ်ကောင်ရဲ့ အရိပ်ကိုယ်လုံးအားလုံးကို ဖျောက်သွားစေသည်။

ဘယ်လောက်တော်တော် သူ့ရဲ့ဇာတ်ကောင်ကိုယ်ထည်ကိုမမြင်ရဘဲ သူသတ်တာသာခံရလိမ့်မည်..

နတ်ဆိုး ရုတ်တရက်ပျောက်သွားတဲ့ ကျင်းယင်ကြောင့်အံဩသွားသည်။ဘယ်ရောက်သွားလဲဆိုတာ ရှာဖွေနေတဲ့အချိန်မှာဘဲ ကူညီသူရှို့ရှို့ရဲ့ အသက်တွေဟာ လျင်မြန်စွာလျော့ကျသွားပြီး ဘာမှပြန်မလုပ်နိုင်ဘဲသေဆုံးသွားတော့သည်။

အော်သွယ်တော် system Where stories live. Discover now