6.18

348 25 2
                                    

<Unicode>
ပိုင်ရှို့ချင်းကြည့်လိုက်ပြီးတော့ သူ့ဘေးမှာထိုင်နေတဲ့ ချန်ရှင်းယွဲ့နားတိုးလိုက်ပြီး

"သူတို့အကုန်လုံးကအချောတွေကြီးဘဲနော် ရှုံးသွားရင်တောင် fan များများရသွားလောက်တယ်"

"သူတို့နဲ့ကိုယ်ဘယ်သူပိုချောလဲ"

"ကိုကိုပိုချောတာပေါ့"

"အဲ့ဆို သူတို့ကိုမကြည့်ဘဲ ကိုယ့်ကိုဘဲထိုင်ကြည့်နေ"

"ဟုတ်"

ပိုင်ရှို့ချင်း သူ့ကိုကိုဘက်လှည့်ပြီး သူ့ကိုကိုရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်နေလိုက်သည်။

ချန်ရှင်းယွဲ့ကလည်း သူ့ကလေးရဲ့ဆံပင်ကို သပ်တင်ပေးလိုက် ပါးပြင်ကိုဖွဖွလေးပွတ်ဆွဲကြည့်လိုက် နှုတ်ခမ်းပေါ်လက်တင်လိုက်လုပ်နေသည်။

နှစ်ယောက်သားအကြည်စိုက်နေတာ ဘယ်လောက်တောင်ကြာသွားလဲမသိ ထျန်ဇဲ့ချင်းလက်လာတို့မှအသိပြန်ဝင်လာကြသည်။

"ဟေ့ကောင်တွေ ပြိုင်ပွဲစဖို့စင်‌ပေါ်ကိုဖိတ်နေပြီဟ အကြည်ဘဲစိုက်မနေနဲ့ ကြည့်ပါများပြီး မမြင်ချင်ဘူးဖြစ်သွားလိမ့်မယ်"

"နောက်ဆုံးထွက်သက်ချိန်ရောက်ရင်တောင် ငါ့ကိုကိုမျက်နှာဘဲထိုင်ကြည့်နေမှာ"

"နောက်မှထိုင်ကြည့်ပါ အခုတော့စင်ပေါ်တက်ရအောင် တကယ်တည်း မမြင်ဖူးတဲ့လူတွေကြလို့ ကြည့်နေတာမြင်မကောင်းဘူး ခဏတဖြုတ်ဘဲတွေ့မြင်နေရတဲ့ငါတောင် အဲ့ရုပ်တွေကိုမမြင်ချင်တော့ဘူး"

ထျန်ဇဲ့ချင်ပွစိပွစိရေရွတ်ပြီး ရှေ့ဆုံးကနေရပ်ပြီးစင်ပေါ်ကိုတက်သွားသည်။စင်ပေါ်မှာတော့ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းလုံးရပ်နေကြသည်။

တစ်ချို့တွေက ပရိတ်သတ်ကိုပြုံးပြီး လက်မြှောက်ကာနှုတ်ဆက်နေသည်။ပိုင်ရှို့ချင်းကိုလည်း အပြုံးလေးနဲ့လက်ပြနှုတ်ဆက်နေသည်။

သူ့ဘေးမှာတော့ မဲမှောင်နေတဲ့မျက်နှာနဲ့ချန်ရှင်းယွဲ့ရပ်နေသည်။ပိုင်ရှို့ချင်း ပြုံးရင်းဘေးကိုကြည့်လိုက်တော့

အော်သွယ်တော် system Where stories live. Discover now