<Unicode>
ရောင်အတ္တသူ့ရှေ့မှာ မြူဆွယ်နေတဲ့မိန်းကလေးကိုကြည့်ပြီး နှုတ်ခမ်းပါးတွေကော့တက်သွားသည်။လမင်းစံထပြီးထွက်ခါနီး လက်ကလှမ်းဆွဲပြီး တံခါးဝမှာ ကျောကို ကပ်လိုက်ကာ အရူးအမူးနမ်းတော့သည်။
လက်ကလည်း အငြိမ်မနေဘဲ လမင်းစံရဲ့ ရင်သားတွေကို ပွတ်သပ်နေသည်။လမင်းစံကလည်း ညည်းသံတွေကို ထုတ်နေသည်။
နေခြည်သွေး ရုံးခန်းနားက ဖြတ်လာတော့ ညီးသံတွေကြားလိုက်ရတာကြောင့်
'အူးဝါး ဒီလိုနှာဘူးနဲ့ ငါလက်ထပ်ရမယ် လုံးဝဘဲ လက်မထပ်ဘူး ဖောက်ပြန်နေတဲ့သက်သေကိုယူပြီး system God ဆီတိုင်စာသွားပို့မယ်'
'ကောကောက ဘယ်လိုတက်ပို့မလို့လဲ'
'ငါကြိုက်သလို သွားပို့မှာပေါ့ လျှာကိုရှည်တယ် '
'သားလျှာကမရှည်ပါဘူး ဒီမှာကြည့် တိုတိုလေး'
ပါးစပ်ကလည်းပြော လျှာလည်းထုတ်ပြ လုပ်နေတဲ့ system ပိန်းဥ Panda လေးကို နေခြည်သွေး စိတ်လေသလိုကြည့်လိုက်သည်။
နေခြည်သွေးခေါင်းခါရင်း သူ့အလုပ်စားပွဲကိုပြန်လာခဲ့သည်။ Computer ကိုလျှောက်ကလိနေရင်း အကြံတစ်ခုရသွားလေသည်။
တံခါးဝကိုကြည့်လိုက်တော့ လမင်းစံက အင်္ကျီဖရိုဖရဲနဲ့ထွက်လာလေသည်။နှုတ်ခမ်းနီတွေကလည်း နှုတ်ခမ်းနားတစ်ဝိုက်ပေကျံနေသည်။
ဒီပုံကို နေခြည်သွေးကစိုက်ကြည့်နေတာတွေ့တော့ လမင်းစံက အဝတ်အစားကို ပြန်သပ်ရင်း ခနဲ့ပြုံးပြုံးပြလာသည်။
နေခြည်သွေးလည်း သူ့အကြံကိုအကောင်အထည်ဖော်ဖို့ လမင်းစံလက်ကိုဆွဲကာ ကော်ဖီဖျော်တဲ့အခန်းကို ဆွဲခေါ်လာခဲ့သည်။
အခန်းရောက်တာနဲ့ လမင်းစံက ရုန်းကာ
"နင်ဘာလုပ်တာလဲ ငါ့ကိုလွှတ်စမ်း"
"လွှတ်ဆို လွှတ်ပါ့မယ် မမလှရယ် ဟို ဒီကမောင်လေးချောချောလေးက အကူအညီတစ်ခုတောင်းချင်လို့"
"အဟင်း ဘာတောင်းမလို့လဲ ပြော"
"မမလှအတွက် အရှုံးမရှိစေရဘူး"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)