4.6

706 49 6
                                    

<Unicode>
သစ်ပင်ပေါ်မှာချိတ်ထားတဲ့ဘောလုံးကို ကျောင်းသားတွေအကုန်လုကြတော့သည်။ဇီကတော့ လက်ပိုက်ပြီး လုနေတဲ့လူတွေကို ပျင်းရိစွာကြည့်နေသည်။

'ကောကော မလုဘူးလား'

'ဒီလိုလူတွေအများကြီးကြား ငါကဘယ်လိုလုရမှာလဲ ပိသေသွားမှာပေါ့'

'ဒါဆိုကောကောမလုတော့ဘူးပေါ့'

'စောင့်ကြည့်ပေါ့'

ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်ပြီး လုနေတာကြောင့် တစ်ချို့ကျောင်းသားတွေက မြေပြင်ပေါ်လဲကျကာ ထမလာတော့ပေ...

ဒီကျောင်းသားတွေကိုတော့ ဆရာမက အစောင့်တွေကိုအချက်ပြပြီး ကွင်းထဲက‌နေထုတ်ခိုင်းလိုက်သည်။

ကျောင်းသူတွေဘက်ကိုလည်း ဒီလိုဘဲထုတ်ပယ်လေသည်။အချိန်အနည်းငယ်ကြာတော့ ထုတ်ပယ်ခံရသူများလာပြီး ကွင်းထဲတွင် ကျောင်းသားအနည်းငယ်သာကျန်ရှိတော့သည်။

အခုဆို ယောင်္ကျားလေးတွေရဲ့ကွင်းထဲမှာတော့ ဇီ ၊ဇူး၊ဇို နဲ့ ကျောင်းသာ ၃ ယောက်သာကျန်တော့သည်။

တစ်ခြားကျောင်းသားတွေရဲ့ နဖူးမှာ ချွေးတွေစီးကျနေပြီး မျက်နှာမှာလည်း ဒဏ်ရာတစ်ချို့ရှိပေမဲ့ ဇီမျက်နှာမှာတော့ ရှင်းသန့်နေတုန်းပင်....

အကုန်လုံး လုဖို့ကြံနေချိန် ကျောင်းသားတစ်ယောက်က ဘောလုံးကို ဖြုတ်ယူလို့ရသွားတော့သည်။

ထိုကျောင်းသားဆီက ဘောလုံးရဖို့ အကုန်လုံးက ထိုကျောင်းသားဆီတိုးသွားကာ လုကြတော့သည်။

ဇီကလည်း ရပ်မနေတော့ဘဲ ထိုကျောင်းသားကို မြေပြင်ပေါ်လဲသိပ်လိုက်တော့သည်။ဘောလုံးကိုတော့ မလုသေးပေ...

ထိုကျောင်းသားမရှိတော့ နောက်ထပ်ကျောင်းသားတစ်ယောက်က ဘောလုံးကို ကိုင်တာမြင်တော့ ထိုကျောင်းသားကို ဝိုင်းကာထိုးကြိတ်ကြတော့သည်။

နောက်ဆုံးတွင် ကွင်းထဲ၌ဇီ၊ဇူး၊ဇိုတို့သုံးယောက်သာကျန်တော့သည်။ဇူးကတော့ ဘောလုံးကိုရဖို့မကြိုးစားတော့ပေ...

ဒီဘောလုံးကို ဇီလိုချင်မှန်းသိနေတာကြောင့်လုပေးနေရုံသာ...အခုဆို‌ကွင်းထဲမှာ ဇိုကဘောလုံးကို ကိုင်ပြီး ရပ်နေပြီး သူ့ရှေ့မှာတော့ ဇီနဲ့ဇူးက ယှဉ်တွဲကာ ရပ်နေကြသည်။

အော်သွယ်တော် system Where stories live. Discover now