6.20

448 29 8
                                    

<Unicode>
အကုန်လုံးအသက်ပြည့်သွားတော့

"ကောကောပိုင် အခုဘာဆက်လုပ်ကြမလဲ"

"အနိုင်လိုက်ကျင့်ရမှာပေါ့"

"ကလေးကဘယ်လိုအနိုင်ကျင့်ချင်လို့လဲ"

"ငါးယောက်စုပြီး တစ်ယောက်ချင်းရှိနေကြတဲ့လူတွေကို လိုက်သတ်မယ်"

"ကလေးသဘော"

"ဒါဆိုသွားစို့ လာကိုကို ကလေးဘေးမှာလာရပ်"

နှစ်ယောက်သားလက်ချင်းတွဲပြီးသွားနေချိန် ကျန်တဲ့သုံးယောက်ကတော့ မမြင်ချင်ယောင်ဆောင်ကာ နောက်ကနေလိုက်လာကြသည်။

သူတို့လျှောက်နေချိန်

"ရပ်ရပ် တစ်ယောက်တွေ့ပြီ ရှုးတိုးတိုးနေကြ"

နတ်ဆိုးမှာ ကျောက်တုံးအကွယ်မှာကျန်တဲ့ လေးယောက်ကိုပါပုန်ခိုင်းပြီး သူတို့ဆီတစ်ယောက်ထဲလျှောက်လာနေတဲ့ ပစ်ခတ်သူကိုတွေ့လိုက်ရသည်။

နတ်ဆိုး သူ့အနောက်မှာရပ်နေတဲ့ နန်လီကိုကြည့်လိုက်ပြီး

"နန်လီ  ကြိုးနဲ့‌သူ့ရဲ့ခြေထောက်ကိုချည်လိုက်ပြီးရင် ငါးယောက်လုံးဝိုင်းသတ်ကြမယ်"

"Ok ငါ့မှော်ကြိုးနဲ့ချည်လိုက်မယ် ကြည့်ထားကြနော်"

နန်လီ‌သူ့မှော်တုတ်တံကို တစ်ချက်ဝေ့ယမ်းလိုက်တော့ မှော်တုတ်တံထိပ်ဖျားကနေ ကြိုးတစ်ချောင်းပေါ်လာပြီး ရှေ့ကပစ်ခတ်သူရဲ့ခြေထောက်ကိုသွားချည်နှောင်တော့သည်။

နတ်ဆိုးမှာ ပုန်းနေရာကနေ ခုန်ထွက်လာပြီး

"ဝါး ဟားဟား မင်းကိုငါတို့ကိုက်စားတော့မယ်ကွ မကြောက်ဘူးလား"

သူပြောလိုက်တော့ ပစ်ခတ်သူက လက်နှစ်ဖက်ကို လက်အုပ်ချီပြီး

"တောင်းပန်ပါတယ် ကျနော့်ကိုလွှတ်ပေးပါ ကျနော်ကြောက်လို့ပါခမျ"

ဆိုပြီး ငိုသံကြီးနဲ့ပြောလာသည်။

"ကြောက်ရင် အမြန်သတ်ပေးမှာပေါ့"

"မ မလုပ်ပါနဲ့ ဟား ဟား သတ်မှာဖြစ်အမြန်သတ် ဒီမှာသေချင်နေတာ တစ်ပိုင်းကိုသေလို့ ဘယ်လိုအရူးနဲ့လာတွေ့နေမှန်းမသိဘူး"

အော်သွယ်တော် system Where stories live. Discover now