<Unicode>
နေခြည်သွေးလည်း သူ့ကိုကိုမရှိတော့မှ အခန်းထဲဝင်ပြီး အဖြူရောင် T-shirt ကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်လိုက်ပြီး အပေါ်က အပြာနုရောင်အပေါ်ထပ်အပါးကိုထပ်ဝတ်လိုက်သည်။ဖုန်းထဲက ဓါတ်ပုံတွေကို သေချာပြန်စစ်ပြီး ကားငှါးကာ အိမ်သို့ပြန်လာခဲ့သည်။သူဝင်လာတာကို သူ့အမေကတွေ့တော့
"ဟယ်သား အမေက ပြန်မလာတော့ဘူးထင်နေတာ "
"ပြန်မလာစေချင်လို့ အခုချက်ချင်းပြန်လှည့်သွားမှာနော်"
"အမလေး ကိုယ်တော်ချောရယ် ပြန်တော့မလှည့်ပါနဲ့ ညစာစားပြီးမှပြန်ပေါ့ အခုနေနေတဲ့တိုက်ခန်းကရော အဆင်ပြေရဲ့လား"
"မေမေ...သားကို အိမ်ပြန်ခေါ်ဖို့မစဉ်းစားတော့ဘူးလား"
"မင်းသာ ငါသဘောတူတဲ့ကလေးနဲ့လက်ထပ်လိုက်ရင် အိမ်ပေါ်ခေါ်တင်ထားရုံတင်မကဘူး မင်းလိုချင်တာတွေ ဖြစ်ချင်တာတွေအားလုံးကိုဖြည့်ဆည်းပေးမှာ"
"ဟင့် အဲ့နှာဘူးကြီးကို လက်မထပ်ချင်ပါဘူး အမေပြောတော့ သူကအရမ်းချောပြီး ကောင်းတဲ့သူဆို"
"အေးလေ "
"ကောင်းတဲ့လူ ခနနေသားဓါတ်ပုံပြမှ တော်သေးတယ် ငါ့သားနဲ့လက်မထပ်ပေးသေးလို့ဆိုပြီး ပြောလာမှ မြင်ယောင်သေးတယ်"
"ဘာဓါတ်ပုံလည်း ပြလေ "
"ဖေဖေရော"
"သားဖေဖေ စာကြည့်ခန်းထဲမှာနေမှာပေါ့"
"သားသွားခေါ်လိုက်အုံးမယ် ခဏစောင့်နေအုံးနော် ပြီးရင် ဖေနဲ့မေကိုပြမယ် "
"စောင့်နေပါ့မယ်တော် "
နေခြည်သွေးလည်း ဓါတ်ပုံကို အဖေနဲ့အမေကိုတစ်ပြိုင်နက်ထဲပြဖို့တွေးထားသည်။အမေမူးပြီးလဲသွားရင် ထိန်းကိုင်ဖို့ အဖေရှိနေမှဖြစ်မှာမလား...
ထိုစိတ်နဲ့အတူ အပေါ်ထပ်ကထောင့်စွန်းမှာရှိတဲ့ စာကြည့်ခန်းကို ထွက်လာခဲ့သည်။စာကြည့်ခန်းတံခါးခေါက်ခါနီး ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ 💚ကိုကို💚 ဆိုတဲ့နာမည်နဲ့...
နေခြည်သွေးလည်း ဖုန်းကိုချက်ချင်းကိုင်လိုက်ပြီး
"ဟဲလိုကိုကို"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)