3.7

690 47 8
                                    

<Unicode>
ပြိုင်ပွဲရဲ့ လက်ရှိအဆင့်ရနိုင်သူတွေကိုပြရမယ်ဆိုရင် တရုတ်နိုင်ငံက ရန်မိန့်ဟွမ်က ပထမနေရာမှာပြေးနေသည်။

နောက်မှာတော့ ကာသီဆမ်က အပြေးလိုက်လာနေပြီး နောက်မှာတော့ မြန်မာနိုင်ငံက
ဆုရတီလင်းက အပြေးလိုက်လာနေသည်။

ထို့နောက်မှာတော့မိန်းကလေးအသီးသီးက အပြေးလိုက်လာနေကြသည်။ယောက်ျားလေးတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ အမေရိကန်ထဲက ဂျွန် ကပထမနေရာမှာပြေးနေပြီး နောက်မှာတော့ ဂျပန်က ကာမူစံရုတိုကအပြေးလိုက်နေသည်။

တတိယနေရာမှာတော့ ကိုးရီးယားနိုင်ငံကိုယ်စားပြု ဂျယ်ဂျွန်ဟိုက အရှေ့ကလူတွေကိုအမှီလိုက်နေသည်။

ကျနော်တို့ MC အာရမ်ကတော့ ဖြေးဖြေးမှန်မှန်နဲ့နောက်ဆုံးမှာပြေးနေသည်။သူ့ကိုကြည့်ရတာပြိုင်ပွဲလာပြိုင်တာနဲ့မတူဘဲ အရှေ့ကနွားတွေကိုကျောင်းနေတဲ့ နွားကျောင်းသားနဲ့တောင်ဆင်နေသည်။

မီတာ 100 မှာ မီတာ 20 သာ လိုချိန်ထိနောက်ဆုံးအဆင့်ကနေမတက်တဲ့ အာရမ်ကြောင့်

'ကောကောရေ ပြေးပါတော့ သားသားရင်တုန်လာပြီ'

'အေးဆေးပေါ့ သားသားကလည်း ဘာတွေလောနေတာလဲ'

မီတာ ၁၀ သာလိုတော့တဲ့အချိန်မှ အာရမ်က ရောက်ရာအရပ်မှာ ခုန်ဆွခုန်ဆွလုပ်ပြီး ခေါင်းဘယ်ညာ ချိုးကာ

"I'm coming"

ဆိုတဲ့စာလုံးကိုအကျယ်ကြီးအော်ကာ ပြေးတော့သည်။ပြေးတာမြန်လွန်းလို့လူတွေအကုန်လုံးက မျက်လုံးပြူးပြီး မေးရိုးကျကာကြောင်သွားကြသည်။

အရှေ့မှာ ချွေးတလုံးလုံးနဲ့ပြေးနေတဲ့ပြိုင်ပွဲဝင်တွေကလည်း ဘေးမှာကားဖြတ်ပြေးသွားသလိုခံစားရတာကြောင့် ကြည့်လိုက်တော့ အာရမ်က ပန်းတိုင်ရောက်ဖို့ ၁ cm အလိုမှာ လက်တစ်ဖက်မြှောက်ကာ စတိုင်ကျကျရပ်နေသည်။

"လား လလား လား အဟီး ငါပန်းဝင်တော့မယ်လေ အမြန်လာကြဟ ဝင်တော့မယ် ဝင်တော့မယ် အို ငါနိုင်သွားပြီဘဲ"

ဆိုပြီးစည်းကျော်ကာ ရပ်နေလေသည်။မျက်နှာမှာလည်း ပြီတီတီအပြုံးက နေရာယူထားသည်။

အော်သွယ်တော် system Where stories live. Discover now