6.11

394 31 1
                                    

<Unicode>
ခရမ်းချဉ်သီးသူ့နာမည်အရင်းက ချန်ရှင်းယွဲ့ဖြစ်သည်။သူ့အသက်က 25 ရုပ်ရည်ကတော့ပြောစရာမလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သည်။

အရပ်ကလည်း 6'2" ရှိသည်။ပိုင်ဆိုင်မှုလား ရေတွက်လို့တောင်မရဘူး သူဂိမ်းလောက ကနေထွက်လာချိန် မိသားစုကုမ္ပဏီကို ဦးစီးခဲ့သည်။

နဂိုကတည်းကဉာဏ်ကောင်းသူမို့ သူဦးစီးချိန် ကုမ္ပဏီက အရင်ကထပ်အမြတ်ပိုများလာသည်။

ကုမ္ပဏီကိုလည်းလုပ်ရင်းအပျင်းပြေဂိမ်းပြန်ဆော့ဖြစ်သည်။သူတို့အဖွဲ့ရဲ့ fan. တွေကလည်း ဂိမ်းထဲပြန်လာဖို့ပြောပေမဲ့ သူတို့အဖွဲ့ဝင်တွေက ဘယ်ကိုရောက်သွားမှန်းတောင်မသိတော့ဘူး...

ချန်ရှင်းယွဲ့တွေးနေရင်း သူ့ကားဟာ တိုက်ခန်းတစ်ခန်းရှေ့မှာရပ်တန့်သွားသည်။တိုက်ခန်းမှာ အထပ် သုံးထပ်ရှိပြီး အိမ်ငှါးစားတာနဲ့တူသည်။

နှစ်ထပ်မြှောက်ရဲ့အလယ်ခန်းကလွဲပြီး ကျန်တဲ့ခန်းတွေက မီးပိတ်ပြီး ညမီးအိမ်သာဖွင့်ထားကြသည်။

ထိုအခန်းကသေချာပေါက် သူ့‌ကလေးအခန်းဖြစ်လိမ့်မည်..ဂိမ်းဆော့တာကို နှောက်ယှက်မိမည်ဆိုတာကြောင့် ကားရှေ့ဖုံးပေါ်တက်ထိုင်ပြီး ဆေးလိပ်ထုတ်ကာအခန်းကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး သောက်နေလိုက်သည်။

သူကြည့်နေတာ ဘယ်လောက်တောင်ကြာသွားလဲမသိ မီးကပိတ်သွားပြီး ညမီးအိမ်သာဖွင့်ထားတော့သည်။

လက်ကနာရီကို တစ်ချက်ကြည့်လိုက်တော့ မနက် ၂:၃၀ ကိုညွှန်ပြနေသည်။သူ့ကလေးက အဆင့်တင်ဖို့ဒီလောက်တောင်ကြိုးစားနေတာလား...

လက်ကျန်ဆေးလိပ်ကို မြေပြင်ပေါ်ပစ်လိုက်ပြီး ခြေထောက်နဲ့နင်းချေလိုက်သည်။ကားမောင်းပြီးအိမ်ကိုပြန်လာခဲ့သည်။

သူ့ကလေးက ဘယ်လိုပုံရှိမှန်းမသိပေမဲ့ မကြာခင်ဆုံရတော့မယ်ဆိုပြီး သူ့စိတ်ထဲထင်နေမိသည်။

ပိုင်ရှို့ချင်း ကံကောင်းစွာ စကားအလွန်များတဲ့ နန်လီနဲ့ လူစုအဆင့် ကြယ် ၁ ပွင့်ရောက်အောင်တင်နိုင်ခဲ့သည်။နန်လီက စကားများပေမဲ့ သူ့ရဲ့ကစားပုံက ထိပ်တန်းအဆင့်ဖြစ်သည်။

အော်သွယ်တော် system Where stories live. Discover now