system space

394 52 8
                                    

<Unicode>
ရှောင်းကျန့် space ပြန်ရောက်တော့

"ကောကောပြန်လာပြီလား points တွက်ထားတဲ့ profile ပြမယ်နော်

အမည်-ရှောင်းကျန့်

အသက်-20

လိင်-ကျား

လိင်တိမ်းညွှတ်မှု-ကျား

ရရှိထားသောpoint-6000

ပြီးမြောက်သောကမ္ဘာ-6

တတ်မြောက်ထားသော ပညာရပ်-အတိုက်အခိုက်၊ဂီတ၊အပြေးစွမ်းရည်၊စီးပွားရေး၊ဂိမ်း

သိုလှောင်ရုံ- ကိုက်ခဲပျောက်ဆေး 994 လုံး၊ချိုချဥ် 15 လုံးပါ"

"ဒီတစ်ခါရော ပညာသင်ရမှာလား ကမ္ဘာရွေးရမှာလား"

"ဒီတစ်ခါတော့ရွေးစရာလည်းမလိုသလို ပညာလည်းမသင်ရပါဘူး ဇာတ်ကြောင်းလွှဲပေးလိုက်မယ်နော် ကောကော ဇာတ်ကြောင်း လွှဲပြောင်းပေးနေပါသည် 3..2..1.. complete"

ရှောင်းကျန့် သူ့မှတ်ဉာဏ်ထဲတိုးဝင်လာတဲ့ဇာတ်ကြောင်းတွေကိုဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာက မြန်မာနိုင်ငံရဲ့တောရွာက ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

ဇာတ်လိုက်က မျိုးသုတ ပိုးပင်ရွာရဲ့သူကြီးသားဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သည်။ချောမောတဲ့ရုပ်ရည်အပြင် ပညာတတ်ဘွဲ့ရတာကြောင့် သူတို့ရွာတင်မက တစ်ခြားနီးစပ်တဲ့ရွာထဲက မိန်းမပျိုတွေရဲ့အသဲနှလုံးကိုပိုင်ဆိုင်ထားသူပင်...

ဇာတ်လိုက်မကတော့ ပိုးပင်ရွာအနီးက လွမ်းဆွေးရွာရဲ့ ကွမ်းတောင်ကိုင်
လှထိပ်ထားဖြစ်သည်။

ရှောင်းကျန့်ဝင်မဲ့ကိုယ်ရဲ့နာမည်က ချစ်ပြေငြိမ်းဖြစ်သည်။ချစ်ပြေငြိမ်းက ဓါးမြဗိုလ်ဖြစ်ပြီး တစ်နေ့ လွမ်းဆွေးရွာကို ဓါးမြဝင်တိုက်ချိန် လှထိပ်ထားကိုတွေ့ပြီး ချစ်မိသွားသည်။

လှထိပ်ထားကို ဝောာထဲကစခန်းဆီဖမ်းခေါ်သွားတာကြောင့် ရွာရဲ့ကာလသားတွေက လိုက်လံရှာဖွေချိန် မျိုးသုတကပါ အတူတူလိုက်ရှာခဲ့သည်။

ချစ်ပြေငြိမ်းရဲ့အဖွဲ့ထဲက မင်းညီရှိန် ဆိုတဲ့တစ်ယောက်က ချစ်ပြေငြိမ်းကိုသဘောမကျတာကြောင့် သူ့ကိုချစ်တယ်‌ပြောပြီးစမူဆာတွေကျွေးထားတဲ့ဇာတ်လိုက်မကိုကူညီပြီး ရွာပြန်ပို့ခဲ့သည်။

အော်သွယ်တော် system Where stories live. Discover now