6.16

404 29 12
                                    

<Unicode>
ထိုပြိုင်ပွဲပြီးသည့်နောက်

"အနိုင်ရရှိသွားတဲ့အဖွဲ့က‌တော့ အိုင်းအဖွဲ့ဘဲဖြစ်ပါတယ် ခယ့်ယီအဖွဲ့ကလည်း နောက်ထပ်နှစ်ပွဲကြရင်အနိုင်ရပြီး ဒုတိယပွဲစဉ်ကိုတက်သွားနိုင်မလား အိမ်ဘဲပြန်ရမလားဆိုတာတော့စောင့်မျှော်ပေးကြပါအုံး နောက်ထပ်ပြိုင်ရမဲ့အသင်းနှစ်သင်းကတော့ ယီးချည်အသင်းနဲ့ warrior အသင်းဖြစ်ပါတယ် ပြိုင်ပွဲဝင်တွေစင်ပေါ်မှာနေရာယူပေးကြပါ"

ပိုင်ရှို့ချင်းတို့စင်ပေါ်တက်လာချိန် ပရိတ်သတ်တွေရဲ့အော်ဟစ်သံကိုကြားလိုက်ရသည်။

"ဟိတ်ဟိတ် အဲ့ဒါငါတို့ရဲ့နတ်ဘရား ချန်ရှင်းယွဲ့မဟုတ်ဘူးလား"

"သူ့နားက ငါ့နတ်ဘုရားမ ဟွားချင်မလားပြီးတော့ မှော်နတ်အရှင် ထျန်ဇဲ့ချင် သန်မာသူတို့ရဲ့ဘုရင် ဟန်လုံဖန်းဝါး......နောက်တစ်ယောက်ကဘယ်သူလဲ"

"မသိဘူး ဒါပေမဲ့သောက်ရမ်းချောတယ် ငါဒီအသင်းကို အားပေးတော့မယ်"

"ငါ့နတ်ဘုရားတွေပြန်လာပြီ အူးဝါး ချစ်လိုက်တာ"

မသိတဲ့တစ်ချို့လူတွေကတော့

"အဲ့အသင်းက ဒီနှစ်မှစဖွဲ့တဲ့အသင်းမဟုတ်ဘူးလား"

"မသိဘူး ဒါပေမဲ့အဖွဲ့ဝင်တွေအကုန်ချောတာတော့သိတယ်"

သူတို့ဆူညံသံကိုနားထောင်ပြီး announcer မှာလည်း အရင်ကသေချာသတိမထားမိတဲ့ယီးချည်အသင်းကိုသေချာကြည့်လိုက်ပြီး

"သူတို့ပြန်လာကြပြီ "

ဆိုပြီးအပြုံးနဲ့ပြောလိုက်သည်။ပိုင်ရှို့ချင်းတို့ကလည်း ထိုင်ခုံကိုယ်စီထိုင်ပြီး နားကြပ်တပ်ကာ ဂိမ်းထဲဝင်လိုက်ကြသည်။

ကျိုးမြို့တော်မှာပေါ်လာတော့ 5 ယောက်လုံးက ပြိုင်ပွဲကျင်းပမဲ့နေရာသို့သွားကာ ကွင်းထဲဝင်လိုက်ကြသည်။

သူတို့နည်းတူ warrior အသင်းလည်းဝင်ရောက်လာကြသည်။

"ငါလာပြီဟားဟား ငါ့မှော်စက်ကွင်းနဲ့အကုန်လုံးကို သိမ်းကြုံးပြီးသတ်ပစ်မယ်ဒီနှစ်ချန်ပီယံက ငါတို့ယီးချည်အသင်းဘဲဖြစ်ရမယ်"

အော်သွယ်တော် system Where stories live. Discover now