5.1

724 55 14
                                    

<Unicode>
ရှောင်းကျန့် ဒီကမ္ဘာရောက်တော့ စာရွက်စာတမ်းအပုံလိုက်ရှေ့မှာ ခေါင်းမြှုပ်နေသည်။

ဘေးကိုကြည့်လိုက်တော့ make up လိမ်းနေတဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

နောက်တစ်ဖက်ကိုကြည့်လိုက်တော့ မျက်မှန်ကိုပင့်တင်ရင်း computer နှိပ်နေတဲ့ လူလတ်ပိုင်းတစ်ယောက်ကို တွေ့လိုက်ရသည်။

ဒီ‌အရာတွေကိုကြည့်ရင်း ရှောင်းကျန့် သူ Y Group မှာအလုပ်လုပ်နေတဲ့အချိန်ဆိုတာကို တန်းသိလိုက်သည်။

(ရှောင်းကျန့်ကို ရောင်ခြည်သွေး လို့ရေးပြီနော်♥️)

မိတ်ကပ်လိမ်းနေတဲ့ကောင်မလေးက ‌လူတွေကိုကြောင်ပြီးလိုက်ကြည့်နေတဲ့ နေခြည်သွေးကိုတွေ့တော့

"ဟိုကောင်လေး အလုပ်မလုပ်ဘဲ ဘာလိုက်ငေးနေတာလဲ အလုပ်လုပ်လေ"

"အမကြီးကရော ဘာလုပ်နေတာလဲ အလုပ်မလုပ်ဘဲ အလှဘဲထိုင်ပြင်နေပြီးတော့ အလုပ်လုပ်လေ"

"မင်းလိုကလေးကများ ငါ့ကိုပြန်ခံပြောနေတယ်ပေါ့ ငါက အတွင်းရေးမှူးဟဲ့ CEO မခိုင်းရင် လုပ်စရာမလိုဘူး သိလား ခုနက ငါပေးထားတာကို အမြန်လုပ်ပေး"

နေခြည်သွေးလည်း ဘာမှမပြောတော့ဘဲ စားပွဲပေါ်က ဖိုင်အထပ်လိုက်ကိုကြည့်လိုက်သည်။

'သားသားရေ ဒါတွေအကုန်လုံးကို ငါလုပ်ရမှာလား'

'မဟုတ်ပါဘူး ပထမဖိုင်က ဟိုးနားက အမလုပ်ရမှာပါ နေခြည်သွေးကို အငယ်ဆိုပြီးအနိုင်ကျင့်ပြီးလုပ်ခိုင်းတာပါ အောက်ထပ်က ဟိုးတစ်ယောက်ဟာ အဲ့အောက်က ဟိုးတစ်ယောက်ဟာ.....'

တစ်ထပ်ပြီး တစ်ထပ်ကို လက်ညိုးထိုးပြလိုက် လူတွေကိုလက်ညိုးထိုးပြလိုက်နဲ့ Panda လေးဟာပြောပြနေသည်။

နေခြည်သွေးလည်း ဖိုင်တွေကိုလိုက်ပေးလိုက်ပြီး

"အခုကစပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ ကျနော့်ကိုလာမခိုင်းကြပါနဲ့ အကယ်၍များခိုင်းချင်တယ်ဆိုရင်တော့ တစ်‌ဖိုင်ကို နှစ်သောင်းပေးပြီး လာခိုင်းလို့ရပါတယ် "

သူပြောလိုက်တော့ တစ်ချို့လူတွေရဲ့မျက်နှာက ရှုံ့မဲ့သွားကြပြီး လမင်းစံကတော့ ထရပ်လာကာ

အော်သွယ်တော် system Where stories live. Discover now