<Unicode>
အာရမ်လည်း ကြောင်သွားပြီး ကိုယ့်ကိုယ်ကိုလက်ညိုးထိုးကာ"ကလေး...."
"အင်း ကလေး"
"ကျနော်ကလေးမဟုတ်ဘူး အာရမ် အသက် ၁၇ ပြည့်ပြီးပြီ ၁၈ ဝင်တော့မှာ"
"အင်း ထိုင်ကိုယ့်နာမည်က ကာသီဆမ် အသက် ၂၅ ဒီစခန်းရဲ့ရဲမှူး လိုအပ်တာရှိရင် အကူအညီလာတောင်း အခုဘာဖြစ်လို့လဲ"
အာရမ် ဒီလူကိုကြည့်ပြီး ရိပေါ်မှန်းသိလိုက်သည်။ဘာလို့သိလဲလာမမေးနဲ့ ကိုယ့်ရင်ခုန်သံကိုယ်သိတယ်...
"အဟင့် ရဲအရာရှိကြီး သူကလေ အာရမ်ကို အဟင့် တိုက်ပြီးထွက်ပြေးသွားတယ်"
"ဘာ!!!...ဘာဖြစ်သွားသေးလဲ ကိုယ့်ကိုပြော"
"ခြေထောက်နာနာ အဲ့တာ သူကိုအချုပ်ထဲထည့်ပေး"
"ထည့်ပေးမှာပေါ့ မငိုနဲ့တော့နော် လာပါအုံးကိုယ့်စီ"
ရင်ခွင်ထဲတိုးဝင်သူနဲ့ ဖက်တွယ်ပေးသူကို ကြည့်ပြီး အကုန်လုံးအံဩနေကြသည်။ဒီမြင်ကွင်းက သူတို့အတွက်အထူးအဆန်းဖြစ်နေတာတော့အမှန်....
ကာသီဆမ် အာရမ်ကိုဖက်နေရင်းနဲ့
"သူ့ကိုအချုပ်ထဲထည့်လိုက်"
"လွှတ် ကျမကိုလွှတ် ကျမကဝန်ကြီးသမီးနော်"
"ဝန်ကြီးသမီး အဟက် ငါ့အပိုင်ကိုလာထိရင် လွှတ်ရိုးထုံးစံမရှိဘူး ထည့်လိုက်တော့"
မန်ဂျူးနားက ရုန်းကန်ရင်း အချုပ်ခန်းထဲရောက်သွားတော့သည်။ကာသီဆမ်ရဲ့နှုတ်ခမ်းပါးဟာ အနည်းငယ်တွန့်သွားပြီး တစ်စုံတစ်ယောက်ကိုမကောင်းကြံဖို့တွေးနေတော့သည်။
အာရမ်လည်း အတော်ကြာတဲ့အထိ မလွှတ်ပေးတဲ့သူကြောင့်
"လွှတ်တော့လေ အိမ်ပြန်ရအုံးမယ် မာမားတို့စိတ်ပူနေလိမ့်မယ်"
"အင်း ဖုန်းနံပတ်ပေးခဲ့အုံး"
"ဖုန်းရှိဝူး"
"အင့် ကိုယ့်ဖုန်းယူသွား ကိုယ်ဖုန်းဆက်ရင်ကိုင်နော်"
"အင်း ဘိုင်ဘိုင်"
"ဘိုင်ဘိုင်"
နှစ်ယောက်သားက မခွဲနိုင်မခွာနိုင်ပုံစံနဲ့ခွဲခွာသွားကြသည်။အာရမ်နဲ့ ရာအန်ဒါလည်း လိုအပ်တာတွေဝယ်ပြီး ကားစီးကာ အိမ်ပြန်သွားကြသည်။
![](https://img.wattpad.com/cover/364231147-288-k438759.jpg)