4.4

704 53 2
                                    

<Unicode>
ကျောင်းတက်တာ နှစ်လပြည့်တော့ ဆရာမတွေက ကျောင်းသားတွေရဲ့အခြေအနေကို သိချင်တာကြောင့် စမ်းသပ်ပွဲတစ်ခု ကျင်းပဖို့ပြင်ကြသည်။

ပထမနေ့မှာ စာပေပညာတွေကိုဖြေကြားမှာဖြစ်ပြီး ဒုတိယနေ့ကစပြီး ပြီးဆုံးတဲ့အထိတော့ ကိုယ်ခံအားနဲ့ပတ်သက်တာတွေကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကျောင်းသားတွေကိုပြောပြတော့ လူတိုင်းဆီက ညီးညူးသံကြားရပေမဲ့ ဇီ၊ဇူး၊မို၊ဇို တို့လေးယောက်ဆီကတော့ မကြားရပေ...

လေးယောက်လုံးက ပျော်နေသလိုတောင်ထင်ရသည်။ဇီ နဲ့ဇူးရဲ့အခြေအနေကိုပြောရမယ်ဆိုရင် အခုချိန်ထိ friend zone ကနေမကျွတ်သေးပေ...

ဇူးဘက်ကလည်းဖွင့်မပြောလာသလို ဇီကလည်းဖွင့်မပြော‌ရဲပေ..ငြင်းခံရရင်ရှက်စရာကြီးမဟုတ်လား...

ဇိုနဲ့မိုကလည်း ဘာထူးလဲ အခုချိန်ထိ friend zone မှာသာပိတ်နေတုန်း အယ်မတူတာတစ်ခုကတော့ ဇိုက မိုကိုဖွင့်ပြောထားပြီးပြီ..

မိုကသာ ဇူးကိုလည်းအပိုင်ကြံချင် ဇိုကိုလည်းလက်မလွှတ်ချင်အဲ့ကြောင့် ကြိုးရှည်ရှည်တန်းပြီး မူနေတာ...

နောက်တစ်နေ့မှာဘဲ ကျောင်းသားကျောင်းသူတွေဟာ စာပေပညာရပ်ကိုစတင်ဖြေဆိုကြတော့သည်။

စာဖြေနေချိန် ခေါင်းကုတ်သူကကုတ် ဘောပင်ကိုက်သူကကိုက်နဲ့ ဘေးကလူတွေရဲ့အဖြေလွှာကို ချောင်းကြည့်သူကချောင်းကြည့်နဲ့စုံနေတာဘဲ...

ဇီကတော့ မေးခွန်းတွေကို သေချာဖတ်ပြီး ဖြေနေလေသည်။တစ်ယောက်တစ်ခုံထိုင်ရတာမို့ နားအေးပြီး စာစဉ်းစားရပိုလွယ်ကူသည်။

ဇီ ဖြေဆိုနေချိန်

"ဟိုကောင်လေးဘာလုပ်နေတာလဲ"

ဆိုတဲ့ဆရာမရဲ့အော်သံကိုကြားလိုက်ရသည်။သူ့ကိုကြည့်ပြီးပြောနေတဲ့ဆရာမကြောင့် ဇီကြောင်အသွားသည်။

ဆရာမကလည်း

"မင်းဘာလို့ ခိုးကြည့်နေတာလဲ ဟမ် ငါစာသင်တဲ့အချိန်ကြတော့ ငိုက်နေပြီးတော့ အခုမှလိုက်ခိုးကြည့်နေတယ်ပေါ့ ဟုတ်လား "

အော်သွယ်တော် system Where stories live. Discover now