1.7

1.2K 75 10
                                    

<Unicode>
မနက် တုန်လှုပ်စေနိုးလာတော့ တစ်ကိုယ်လုံးတောင့်တင်းနေသည်။ဖက်တွယ်ထားတဲ့လူမရှိတော့တာကြောင့် တုန်လှုပ်စေလည်း အပျင်းကြောဆန့်လိုက်ပြီး ထထိုင်လိုက်သည်။

အပြင်ထွက်ပြီး ရေနွေးလေးနဲ့ မျက်နှာသစ် သွားတိုက်ပြီး ခေါက်ဆွဲပြုတ်စားလိုက်သည်။စားသောက်ပြီးချိန် ဆရာ၊ဆရာမက လူတွေစုစေတာကြောင့် သွားစုလိုက်သည်။

"အားလုံးဘဲ ဒီနေရာလာရတာ ပျော်ကြလား"

"ပျော်ပါတယ်"

"ဟုတ်ပါပြီ ဒီနေ့ဆရာတို့က အပျော်အနေနဲ့ သီချင်းဆိုပြိုင်ပွဲကျင်းပပေးမယ် ဆုကိုတော့ မြို့ရောက်ရင် အိမ်ကိုလိုက်ပို့ပေးမယ် ဘယ်လိုလဲ ပြိုင်ကြမလား"

"ပြိုင်မယ် ပြိုင်မယ်"

ကျောင်းအုပ်ကြီးအပြောကို ကျောင်းသူ၊သား တွေက တညီတညွှတ်ထဲပြန်ထောက်ခံကြသည်။

"Ok ဒါဆိုရင် လေ့ကျင့်လိုက်ကြအုံး နောက် ၂ နာရီကြရင် စပြိုင်ကြမယ်"

တုန်လှုပ်စေလည်း မြင်တိုင်းချစ်နဲ့အတူပြိုင်ဖို့သီီီချင်းလေ့ကျင့်တော့သည်။သူတို့နှစ်ယောက်က ဘာသီချင်းဆိုလဲဆိုတော့ ကြွေကာပျက်စီးဆိုတဲ့သီချင်းဖြစ်သည်။မကြာခင်မှာဘဲလူတွေဆုံပြီး ပြိုင်ပွဲကိုစတင်တော့သည်။

လေးငါးယောက်ကျော်ပြီးနောက် တုန်လှုပ်စေတို့အလှည့်ရောက်လာသည်။မြင်တိုင်းချစ်က ဂီတာတီးပေးပြီး တုန်လှုပ်စေက တုတ်တစ်ချောင်းကို မိုက်ပုံစံကိုင်ပြီးစဆိုတော့သည်။

"ငါ့အသည်းများလဲ ကွဲကာကြွေကာပျက်ဆီးတော့ နင်လည်းတပါးသူအချစ်မှာပျော်နိုင်ပြီပေါ့နော်....ငါနဲ့ချစ်နေစဉ်မှာ တခြားသူအကြင်နာရအောင် ယူလှည့်စားနေသူမှာ မင်းပါဘဲနော်....သူနဲ့အနမ်းများပေးတာ ဘယ်နှစ်ကြိမ်လဲပြော အမှန်အတိုင်းပြောပါကလေးရယ် လိမ်ညာမနေနဲ့နော်...ဘယ်သူက ငါ့ထက်သာတယ် အရမ်းချမ်းသာတယ် ချောလွန်းပါတယ် အရမ်းလိုက်ပါတယ် မပြောပါနဲ့တော့..."

တုန်လှုပ်စေရဲ့အသံက ဂီတာသံနဲ့လိုက်ဖက်စွာထွက်ပေါ်လာခဲ့သည်။သီချင်းရသူများလည်း လက်ဝေ့ယမ်းကာ အတူတူဆိုလာကြသည်။

အော်သွယ်တော် system Where stories live. Discover now