3.1

885 56 6
                                    

<Unicode>
ရှောင်းကျန့် ဒီကမ္ဘာရောက်တော့ ထွက်ပြေးနေရသည်။ဟုတ်ပါတယ် အပြေးစွမ်းရည်ယူထားတာနဲ့အညီ ပြေးနေရသည်။

ဘယ်သူ့လက်ထဲကနေလဲဆိုတော့ မာတာမိခင်လက်ထဲကနေပါ တုတ်ကြီးနဲ့လိုက်ရိုက်နေတော့ပြေးရပြီပေါ့လို့

ရှောင်းကျန့်လည်းအပြေးစွမ်းရည်သုံးပြီး အိမ်တွေရဲ့လမ်းကြားထဲ အမြန်ထွက်ပြေးလေတော့သည်။

မိခင်ကမလိုက်‌နိုင်တော့လို့ထင်ပါရဲ့

"အာရမ် ရပ်စမ်း အခုချက်ချင်း ပြန်လာခဲ့စမ်း"

"မိုးချုပ်ရင်ပြန်လာမယ်နော် မား"

ရှောင်းကျန့်လည်း အလိုက်သင့်ပြန်ပြောရင်း ရွာပြင်ကိုပြေးထွက်လာခဲ့သည်။သူဘာလို့ပြေးရတာလဲဆိုတဲ့အကြောင်းကို အပင်အောက်မှာထိုင်ရင်း မှတ်ဉာဏ်ထဲရှာဖွေကြည့်လိုက်သည်။

ဒီနေ့က အာရမ်နဲ့ ရာအန်ဒါ အသက် ၁၇ နှစ်ပြည့်မွေးနေ့ဖြစ်သည်။အာရမ်တို့မိသားစုက စားနိုင်သောက်နိုင်တဲ့အခြေအနေမို့ မိသားစုတွေစားဖို့ ဒံပေါက် အနည်းငယ်ချက်ထားသည်။

ဒါကို အာရမ်က မိသားစုမစားခင် သူ့သူငယ်ချင်းတွေကို အကုန်ကျွေးလိုက်လို့ သူ့မိခင်ကလိုက်ရိုက်နေခြင်းပင်...

သူတို့မိသားစုက စုစုပေါင်း ၁၀ ယောက်ရှိသည်။အဘိုး၊အဘွား၊အမေ၊အဖေ၊ရာအန်ဒါ၊သူ၊‌အဖေ့ညီလေး၊သူ့မိန်းမ၊သမီး ဆန်ဂျနာ၊သူ့အကို အာဂျွန် တို့ဖြစ်သည်။

အကုန်လုံးက ချစ်ချစ်ခင်ခင်နေနေကြသည်။မနက်ဖြန်ဆို ရာအန်ဒါက ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပတော့မည်ဖြစ်သည်။

မိသားစုလိုက်သွားရောက်အားပေးဖို့ပြင်ထားကြသည်။

(ရှောင်းကျန့် to အာရမ်)

အာရမ်လည်း မိုးအနည်းငယ်ချုပ်မှ အိမ်သို့ပြန်ခဲ့သည်။သူပြန်လာတော့ မိခင်က

"အမြန်လာ ထမင်းစားမယ်"

အာရမ်လည်း သူ့အမေဆီသွားပြီး ပါးကိုနမ်းကာ

"အာဘွား မာမား သားကိုစိတ်မဆိုးပါနဲ့နော် သားက သူငယ်ချင်းတွေကိုသနားပြီးကျွေးလိုက်မိတာပါ"

အော်သွယ်တော် system Where stories live. Discover now