4.9

640 50 5
                                    

<Unicode>
ဇူး သူ့ကလေးကို ပွေ့ရင်းနဲ့ဘဲ လင်းနို့အများအပြားအဖြစ်ပြောင်းလိုက်ကာ ဇီတို့အိမ်ကို ပျံသန်းသွားသည်။

ဇီရဲ့အမေပေါ် ‌ဇီကို ‌လွှဲပေးလိုက်ရင်း

"မေမေ ကျနော့်မေမေပြောတာ မနက်ဖြန် နေမထွက်ခင် အကုန်လုံးစောစောလာခဲ့ကြပါတဲ့"

"အင်းအင်း လာခဲ့မယ်လို့ အမေ့ကိုပြောလိုက်နော်"

"ဟုတ် မေမေ ကျနော်သွားပြီနော်"

ဇူးလည်း ဇီရဲ့အမေကိုနှုတ်ဆက်ကာ သွေးစုပ်ဖုတ်ကောင်တိုင်းပြည်ကိုပြန်လာခဲ့သည်။

ဇီတို့မိသားစုလည်း ဇူးတို့အမေပြောတဲ့အတိုင်း မနက်နေမထွက်ခင်မှာပင် အိမ်ကထွက်လာကြသည်။

သူတို့ ဇူးတို့အိမ်ရောက်တာနဲ့ လူပုံပြောင်းကာ အိမ်ထဲဝင်လာခဲ့ကြသည်။အိမ်ထဲမှာတော့ ပန်းတွေနဲ့အလှဆင်ထားပြီး သွေးစုပ်ဖုတ်ကောင်တွေကလည်း ထိုင်ခုံမှာထိုင်ကာ သူတို့ကိုကြိုဆိုနေသည်။

ဇူးရဲ့အမေက ဇီရဲ့လက်ကို လာဆွဲကာ အဝတ်လဲစေလိုက်သည်။သူတို့ရဲ့ သတိုးသားဝတ်စုံက ထူးဆန်းလှသည်။

အထဲမှာ အမဲကိုဝတ်ပြီး အပေါ်မှာ အနီရောင်ခြုံလွှာကို ထပ်ခြုံစေသည်။လက်မှာလည်း နှင်းဆီပန်းစည်းကို ကိုင်ရသေးသည်။

အဝတ်လဲပြီးချိန် တံခါးဝကနေ လျှောက်လာတော့ ဇူးကလည်း သူ့လိုပင်ဝတ်ထားသည်။လက်ထဲမှာတော့ ပန်းစည်းကိုင်မထားပေ...

သူတို့နှစ်ယောက်အတူယှဉ်တွဲရပ်နေချိန် ဇူးက ဇီရဲ့ လည်တိုင်ကို အစွယ်တွေနဲ့ကိုက်ဖောက်ကာ အပေါက်ဖြစ်စေလိုက်သည်။

ထူးဆန်းစွာပင် သွေးကတစ်စက်မှထွက်မလာပေ...ဇီကိုလည်း ဇူးက လည်တိုင်မော့ပေးကာ ကိုက်စေသည်။

ဇီကလည်း သွားအစွယ်တွေနဲ့ ကိုက်လိုက်သည်။ဇူးဆီကလည်း သွေး‌ထွက်မလာတာ ထူးဆန်းလှသည်။

ဇူးက ဇီရဲ့နောက်စေ့ကိုကိုင်ကာ ဇီရဲ့နှုတ်ခမ်းကိုမွတ်သိပ်စွာနမ်းပြန်သည်။ ၂ မိနစ်လောက်ကြာမှ ပြန်လွှတ်ပေးကာ

"ကိုယ့်ရဲ့ခင်ပွန်းလေး"

ဆိုတဲ့စကားကို နဖူချင်းတေ့ကာနှစ်ယောက်သားကြားရုံပြောလိုက်သည်။ပရိသတ်တွေကလည်း

အော်သွယ်တော် system Where stories live. Discover now