system space

629 38 23
                                    

<Unicode>
ရှောင်းကျန့် space ပြန်ရောက်ချိန် သီချင်းဆိုသံလား စာဖတ်သံလားမသဲကွဲတဲ့အသံဝာစ်ချို့ကြားလိုက်ရသည်။

"ဆင်းရဲသားတို့ system မှာကျနော်နေ မှောင်မဲနေတဲ့ space ဟာကျနော့် space ပါ points ခိုးရင်းနဲ့ ဘဝဆက်နေရသူမို့ host တွေဟာကျနော့်ကို မချစ်ပါခများ"

သီချင်းသံကိုကြားပြီးနောက် ရှောင်းကျန့် တံတွေးတောင်နင်သွားသည်။ ကီးမကိုက်ဘဲသီချင်းအော်ဆိုနေတဲ့ Panda လေးကို ခြေထောက်ကနေ တွဲလောင်းမြှောက်လိုက်ပြီး

"မင်းကို ငါကမချစ်လို့လား ဟမ်"

"ဟီး ကောကောဘယ်ချိန်ကပြန်လာတာလဲ သားသားက ဒီတိုင်းသီချင်းဆိုတာလေ ချပေးနော်"

"ပေါက်ကရတွေဆိုနေ နောက်တစ်ခါကြားလို့ကတော့ ဟိုကမ္ဘာမှာဘဲနေပြီးပြန်မလာဘဲနေလိုက်မှာ"

"ဟုတ် points ပြောမယ်နော်"

"အင်း"

"အရင်ကမ္ဘာမှာ points 1000 ရပါတယ် အရင်ကရှိတဲ့ points 4190 နဲ့ပေါင်းရင် Total points 5190 ရှိပါပြီ နောက်ကမ္ဘာအတွက် ကမ္ဘာတစ်ခုရွေးပါ

1.ဂိမ်း

2.သရဲ

3. ကပ်ပျက်"

"ဟင် သင်စရာဟုတ်ဘူးလား"

"ကမ္ဘာရွေးရမှာပါ ကောကောရွေးတဲ့ကမ္ဘာအလိုက်ပညာသင်ရမှာပါ"

"နောက်ကမ္ဘာတွေကြရင်ရော ကမ္ဘာရွေးရမှာလား"

"မသိသေးပါဘူး "

"အော် ငါ ဂိမ်းကမ္ဘာရွေးမယ်ကွာ"

"ဟုတ်ကဲ့ ဂိမ်းနဲ့ဆိုင်တာ အားလုံးမှတ်ဉာဏ်ထဲ ထည့်ပေးမယ်နော်"

"အင်း"

"မှတ်ဉာဏ်ထဲ လွှဲပြောင်းနေပါသည် 1%...2%...3%...100%.... complete

ဇာတ်ကြောင်းပါတစ်ခါထဲ လွှဲပေးမယ်နော်

ဇာတ်ကြောင်း လွှဲပြောင်းပေးနေပါသည် 3..2..1.. complete "

ရှောင်းကျန့် သူ့မှတ်ဉာဏ်ထဲဝင်လာတဲ့ ဇာတ်ကြောင်းကို ကြည့်လိုက်သည်။ဒီကမ္ဘာက ထွေထွေထူးထူး သိပ်မရှိ...

ဇာတ်လိုက်တို့မပါဘဲ ပြိုင်ပွဲအကြောင်းသာပါသည်။ဒီကမ္ဘာမှာ အောင်မြင်ပြီးကျော်ကြားတဲ့ ဂိမ်းအဖွဲ့က အိုင်း (အချစ်)ဆိုတဲ့အဖွဲ့ဖြစ်သည်။

အော်သွယ်တော် system Where stories live. Discover now