6.2

530 41 9
                                    

<Unicode>
သူတို့အသုံးပြုနိုင်တဲ့ ဇာတ်ကောင်က

၁ တိုက်ခိုက်သူ

၂ အပစ်အခတ်

၃ မှော်ဆရာ

၄ ကူညီသူ

၅ သန်မာသူ

ဆိုပြီး ၅မျိုးရှိသည်။ဒီဇာတ်ကောင်တွေက အကောင့်စစဖွင့်ချိန်ကတည်းက ရွေးချယ်ရမှာဖြစ်ပြီး လက်နက်တွေတပ်ဆင်ရသည်။အခု ပိုင်ရှို့ချင်းကိုင်တဲ့ ဇာတ်ကောင်က တိုက်ခိုက်သူဖြစ်သည်။

အဆင့်ကတော့ အခုမှ သာမာန်အဆင့် ကြယ် ၁ လုံးသာရှိသည်။ခုနက ပင့်ကူတောနက်ထဲဝင်ရောက်ချိန် တွေ့ရတဲ့အဖွဲ့က

"မန်ယိ"

ဆိုတဲ့အဖွဲ့သားတွေဖြစ်ပြီး အကုန်လုံးက စစ်တုရင်အဆင့်ဖြစ်ကြသည်။ပိုင်ရှို့ချင်း အဆင့်တင်ချင်တာကြောင့်

'သားသားရေ ကောကောကို ကွန်ပျူတာတစ်လုံးပေးပါလား'

'points ၁၉၀ ပေးရပါမယ် ဝယ်မလား'

'ဝယ်မယ်'

'ဟုတ် points၁၉၀ ဖြတ်ပြီးပါပြီ လက်ကျန် points ၅၀၀၀ ပါ'

ပိုင်ရှို့ချင်းသူ့ရှေ့မှာရှိတဲ့ ID card ထည့်ဖို့နေရာမှာ သူ့ရဲ့ Boss ဂိမ်း ID card ကိုထည့်လိုက်ပြီးဂိမ်းထဲဝင်လိုက်သည်။ဂိမ်း loading ၁၀၀ ပြည့်ချိန် ကျိုးမြို့တော်တွင် လူအများနဲ့နည်းတူ သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကရပ်နေသည်။

ပိုင်ရှို့ချင်း လက်နက်လိုချင်တာကြောင့် လက်နက်ကောက်ဖို့ပြင်လိုက်သည်။ဘေးမှာ ရပ်နေတဲ့လူတွေကိုကြည့်လိုက်ပြီး အဖွဲ့မရှိတဲ့လူတွေကိုရှာကြည့်လိုက်သည်။

အဖွဲ့တစ်ဖွဲ့ကို ဝမ်းနည်းစွာကြည့်နေတဲ့ အပစ်အခတ်သမားတစ်ယောက်ကိုတွေ့တာကြောင့် ထိုဇာတ်ကောင်အနားတိုးကပ်လိုက်ပြီး

"Hi ကျနော်နဲ့အတူတူအဖွဲ့ဖွဲ့ချင်လား"

"Hi ကျနော်က အခုမှစဆော့တဲ့သူပါ သိပ်မဆော့တတ်ဘူး"

"အတူတူပါဘဲ ဒါဆိုကျနော်နဲ့အဖွဲ့ဖွဲ့ရအောင်"

"ဟုတ်"

ပိုင်ရှို့ချင်း ထိုတစ်ယောက်ရဲ့ profile ကိုကြည့်လိုက်တော့

"အမည်- ခရမ်းချဉ်သီး

အော်သွယ်တော် system Where stories live. Discover now