5.7

636 45 3
                                    

<Unicode>
နေခြည်သွေးလည်း သူ့အမေဘက်လှည့်ကာ

"မေမေ သားလည်း Y Group ရဲ့သူဌေး ရောင်အတ္တနဲ့ လက်မထပ်ချင်ဘူးနော် ဒီမှာကြည့် သူနဲ့တစ်ခြားမိန်းကလေးပလူးနေတာ"

ဖုန်းထဲက လမင်းစံနဲ့ရောင်အတ္တရဲ့ပုံကို ပြလိုက်တော့ သူ့အမေက တစ်ချက်ကြည့်ပြီး

"သားတို့နှစ်ယောက်က ဘာတွေလဲ"

ဆိုပြီး ထူးထူးဆန်းဆန်းမေးလာသည်။‌နေခြည်သွေးအဖေကလည်း သူ့အမေဘေးမှာထိုင်ကာ သူတို့စကားဝိုင်းကိုနားစွင့်နေသည်။

နေခြည်သွေး သူ့ခါးကိုဖက်ထားတဲ့ကိုကိုရဲ့လက်ကို အပေါ်ကနေထပ်ပြီးအုပ်ကိုင်ကာ

"သားတို့ နှစ်ယောက်က ချစ်သူတွေပါ မေမေ"

ဆိုပြီးပြောလာသည်။သူ့အဖြေကိုရတော့ ဖုန်းထဲက ရောင်အတ္တရဲ့ပုံကို လက်ညိုးထိုးကာ

"ဒီကောင်လေးကရော ဘယ်သူလဲ"

"ဟမ် အမေကတော့ နောက်ပြီ အဲ့ဒါအမေတို့သဘောတူထားတဲ့ Y Group ရဲ့သူဌေး ရောင်အတ္တလေ"

"ခဏလေး အမေပုံကြည့်လိုက်အုံးမယ်"

နေခြည်သွေးအမေလည်း သူ့ဖုန်းထဲက သူ့သူငယ်ချင်းလေးပို့ထားတဲ့ ဓါတ်ပုံကိုရှာလိုက်သည်။

"တွေ့ပြီတွေ့ပြီ ဒါကရော ဘယ်သူလဲ အမေ့သူငယ်ချင်းပြောတာတော့ သူ့နာမည်က ရောင် ပြီးတော့ ရှိန်ဆိုလား မေ့သွားပြီ"

"မေမေ ကိုယ့်သားနဲ့လက်ထပ်ရမဲ့သူရဲ့နာမည်ကို မေ့သွားတယ် ကောင်းရော"

"သားကလည်း အမေတို့က လွန်ခဲ့တဲ့ ၅ နှစ်ကပြောထားတာလေ ဒီကြားထဲလည်း စကားမစပ်မိတော့ မေ့သွားတာပါ"

ရောင်လင်းရှိန်ပုံကိုကြည့်လိုက်တော့

"ဟာ ဒါကျနော် ၁၀ တန်းတုန်းကရိုက်ထားတဲ့ပုံဘဲ"

"ဟမ်.."

ဒီတစ်ခါအသံထွက်လာသူကတော့ နေခြည်သွေးဖြစ်သည်။

"မေမေ သားနဲ့သဘောတူထားတဲ့လူက ရောင်လင်းရှိန်လား"

နေခြည်သွေးရဲ့အ‌မေးကို သူ့အမေက စဉ်းစားပြီး

အော်သွယ်တော် system Where stories live. Discover now