1.8 (ပြီး)

1.3K 69 13
                                    

<Unicode>
တုန်လှုပ်စေတို့ တိုက်ခိုက်ဖို့ပြင်နေချိန်

"ရပ်လိုက်"

‌ဆိုတဲ့အမိန့်သံကြားလိုက်ရသည်။တုန်လှုပ်စေကြည့်လိုက်တော့ အိမ်နေရင်းအဝတ်နဲ့ မြင်တိုင်းချစ်ဖြစ်နေသည်။

တုန်လှုပ်စေလည်း အကြံတစ်ခုရပြီး

"ကိုကို..!!.."

ဆိုပြီး အော်ခေါ်ကာ မြင်တိုင်းချစ်ရဲ့ကိုယ်လုံးပေါ်ပြေးတက်လိုက်သည်။မြင်တိုင်းချစ်ကလည်း သူ့အသဲအသက်လေးပြုတ်ကျမှာဆိုးတာကြောင့် မက်မွန်သီးနှစ်လုံးကို ကိုင်ပြီးထိန်းလိုက်သည်။

"ကိုကို🥺🥺 မောင့်ကိုကယ်ပါအုံး"

"ဘာဖြစ်လို့လဲ"

"မောင့်ကိုလေ အဟင့် အမေနဲ့အဖေက  လင်ပေးစားတော့မယ်တဲ့ မောင်မယူဘူးပြောလည်း မရဘူး အဟင့်"

"ကိုကိုဖြေရှင်းပေးမယ်‌နော် မငိုနဲ့တော့"

"အဟင့် ကိုကိုမသိပါဘူး မောင်ကလေ ကိုကိုနဲ့ဘဲ လက်ထပ်ချင်တာ သိရဲ့လား"

"‌ကိုကိုလည်း မောင်နဲ့ဘဲလက်ထပ်ချင်တာပါ"

"အဲ့ဆို မောင့်နဲ့အိမ်လိုက်ခဲ့ပြီး အမေနဲ့အဖေ့ဆီလာတောင်းလှည့်"

"အခုသွားမှာလား "

"အင်း ကိုကိုနဲ့လက်ထပ်ရဖို့မစောင့်နိုင်တော့ဘူး"

"ဟုတ်ပါပြီ ဒါဆို ကိုကိုအဝတ်သွားလဲလိုက်အုံးမယ်နော်"

"ဒါနဲ့ကိုကို သူတို့က မောင့်ကိုအနိုင်ဝိုင်းကျင့်ကြတယ်"

"မောင်တွေ့တယ် သူတို့ကိုအပြစ်ပေးလိုက်မယ်နော်"

မြင်တိုင်းချစ်ကလည်း မောင့်ကိုပွေ့ပြီး အိမ်ထဲမဝင်ခင်

"ဟိုကောင်တွေ ကွင်းကို ၁၀ ခါပတ် ပြီးရင် ဒိုက် ၁၀၀ ခါထိုးကြ"

"ဟုတ်ကဲ့ပါ သခင်လေး"

မြင်တိုင်းချစ်တို့ဝင်သွားမှ ကျန်ခဲ့တဲ့လူတွေက အပြစ်သွားခံယူကြသည်။မြင်တိုင်းချစ် ရေချိုးအဝတ်အစားလဲပြီး တုန်လှုပ်စေနဲ့အတူ တုန်လှုပ်စေတို့အိမ်ကိုရောက်လာကြသည်။

အော်သွယ်တော် system Where stories live. Discover now