4.10

636 40 2
                                    

<Unicode>
မိုရဲ့ မျက်နှာကိုလက်တစ်ဖက်နဲ့ညစ်ကိုင်ကာ

"ဘယ်သူက မင်းရဲ့အပိုင်လဲ ဇူးကအရင်ကတည်းက ငါ့အပိုင်ဘဲ နင့်လို ရေတွင်းပျက်ကများ ငါ့အပိုင်ကိုလာမှန်းရဲ‌တယ်ပေါ့"

မိုရဲ့ကိုယ်လုံးကို အားနဲ့လွှင့်ပစ်လိုက်တော့ ကျောင်းအပြင်ကိုလွှင့်ထွက်သွားတော့သည်။ဒီမြင်ကွင်းကို အတန်းထဲကနေ ပြုံးရီကာ ထွက်လာတဲ့ ဇိုကတွေ့သွားပြီး အပြေးထွက်လာတော့သည်။

မိုကလည်း ဇိုကိုတွေ့လိုက်တော့ ကြောက်ရွံ့သလိုဟန်ဆောင်ပြီး အဝေးကိုပြေးထွက်သွားတော့သည်။

ဇိုကလည်း မိုကို အမှီလိုက်ကာပြေးတော့သည်။အပြေးမြန်တဲ့ ဇိုဟာ မကြာခင်မှာပင် မိုကိုဖမ်းမိသွားတော့သည်။

မိုက ဇိုရဲ့ရင်ခွင်ကနေ အတင်းရုန်းကန်ကာ

"အဟင့် ဇို ငါ့ကိုလွှတ် လူကြားထဲမှာ အရှက်ခွဲခံရတဲ့ ငါက သေသင့်တယ် အဟင့်"

"မို မိုဘာတွေပြောနေတာလဲ ဘာကိုသေသင့်တာလဲ မဟုတ်တာမပြောနဲ့"

"အဟင့် ရှင်မသိပါဘူး ကျမကစေတနာနဲ့ဆုတောင်းပေးတာကို အဟင့် ဇီက ပါးရိုက်ပြီး ကျောင်းပြင်ပကို လွှင့်ပစ်လိုက်တာ ကျမရဲ့သိက္ခာတွေ အဟင့် ကျမတစ်ခြားသူတွေကို ဘယ်လိုမျက်နှာပြရတော့မလဲ အဟင့် ကျမသေချင်တယ် လွှဝာ်"

"မို မိုဇီ့ကိုမကျေနပ်ဘူးမလား ကိုယ်လုပ်ပေးမှာပေါ့ မငိုနဲ့တော့နော် ပြီးတော့ မိုရဲ့အဖေကလည်း လူသားတိုင်းပြည်ရဲ့ဘုရင်ဘဲလေ မိုမကျေနပ်တာရှိရင် လုပ်ပေးမဲ့လူတွေဒီလောက်များတာကို"

"အဟင့် ရှင်ပြောတာမှန်တယ် ဇီကျမကိုအရှက်ခွဲရင် ကျမက သူ့အသက်ကိုပြန်ယူမယ် အဟင့် ကျေးဇူးတင်ပါတယ် ဇို ရှင်ကကျမဘဝရဲ့ ကယ်တင်ရှင်ဘဲ"

"မိုသာ လိုချင်ရင် ကိုယ်ကအသက်တောင်ပေးဝံ့ပါတယ်ကွာ တိတ်တော့နော် ကျောင်းပြန်သွားကြမယ်နော်"

"ဟင့်အင်း ကျမ မသွားရဲဘူး ကျောင်းကလူတွေ ကျမကိုဝိုင်းလှောင်လိမ့်မယ် ကျမအိမ်ဘဲပြန်ချင်တယ် ကျမကို အိမ်ပြန်လိုက်ပို့ပေးပါလားဇို နော်"

အော်သွယ်တော် system Where stories live. Discover now