<Unicode>
ညအချိန် 7 နာရီထိုးတော့ ဝံပုလွေတိုင်းအိပ်ယာဝင်တော့သည်။ဇီလည်း ခေါင်းအုံးပေါ် လှဲချရင်း အိပ်စက်တော့သည်။သူအိပ်ပျော်ပြီး မကြာခင်မှာဘဲ ဆူညံသံတွေကြားလိုက်ရသည်။
"တိုက် ဝံပုလွေတွေတစ်ကောင်မှမချန်ဘဲ အကုန်သတ်ပစ်"
ဆိုတဲ့အော်သံကိုကြားလိုက်ရသည်။ဇီကြောက်လန့်စွာအမြန်ထလိုက်ပြီး အိမ်အပြင်ကိုထွက်လာတော့ တိုင်းပြည်တစ်ခုလုံးဟာ မီးတွေစွဲနေပြီး သွေးတွေဟာပေကျံနေတော့သည်။
ဝံပုလွေတစ်ချို့နဲ့လူသားတွေကလည်းတိုက်ခိုက်နေသည်။ဇီလည်းမနေနိုင်စွာ ဝံပုလွေပုံပြောင်းကာ အနီးမှာရှိတဲ့လူတွေနဲ့ မုဆိုးတွေကို ကိုက်ဖြတ်တော့သည်။
စိတ်တွေဟာလည်း တုန်လှုပ်ကြောက်လန့်နေသလို ဒေါသမီးတွေဟာလည်း တောက်လောက်နေသည်။
တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဆက်နွယ်နေတဲ့ ဇူးဟာလည်း အိပ်နေချိန် ရင်ထဲမှာ တုန်လှုပ်ကြောက်လန့်ပြီး ဒေါသထွက်နေသလို ခံစားလိုက်ရတာကြောင့်သူ့တပ်ဖွဲ့တွေကို ခေါ်ကာ ဝံပုလွေတိုင်းပြည်ဆီအပြေးနှင်လာတော့သည်။
သူရောက်တော့ ပျက်စီးနေတဲ့ဝံပုလွေတိုင်းပြည်ကြောင့် အနီးနားမှာ ဝံပုလွေတွေကိုသတ်ဖြတ်နေတဲ့ လူနဲ့မုဆိုးတွေကို လင်နို့ကောင်တွေလွှတ်ပြီး သတ်စေလိုက်သည်။
သူ့တပ်ဖွဲ့ကိုလည်း တိုက်ခိုက်စေပြီး သူကတော့ လင်နို့အများအပြားပုံပြောင်းလိုက်ပြီး ဇီကိုရှာဖွေလိုက်သည်။
ဘယ်လောက်ရှာရှာမတွေ့တာကြောင့် နှလုံးသားပေါ်လက်ဖိလိုက်ပြီး အရပ်မျက်နှာအကုန်လုံးပတ်လိုက်သည်။
အရှေ့နောက်အရပ်ကို မျက်နှာမူလိုက်ချိန် နှလုံးသားက တစ်ဒိတ်ဒိတ်ခုန်လာတာကြောင့် ထိုအရပ်ကို အမြန်ပျံသန်းသွားတော့သည်။
တွေ့လိုက်ရတဲ့မြင်ကွင်းက ရင်တစ်ခုလုံးစုပ်ပြတ်သပ်ဖို့လုံလောက်သည်။အရင်ကဖြူစွတ်နေတဲ့အမွှေးတွေဟာ အခုချိန်မှာတော့ သွေးတွေကြောင့် နီရဲနေသည်။
![](https://img.wattpad.com/cover/364231147-288-k438759.jpg)