<Unicode>
ပိုင်ရှို့ချင်းတို့အသံကြားရာဆီကြည့်လိုက်တော့...အလွန်ချောတဲ့ကောင်လေးကိုတွေ့လိုက်ရသည်။သူ့ကိုတွေ့တော့
"ချန်ရှင်းယွဲ့"²
ခေါ်လိုက်သူက ထျန်ဇဲ့ချင်နဲ့ဟွားချင်ဆီကဖြစ်သည်။ချန်ရှင်းယွဲ့ ကလေးကိုငေးနေချိန် သူ့နာမည်ခေါ်သံကြားတာကြောင့်ကြည့်လိုက်တော့
"လောင်ထျန် ဟွားချင်း မင်းတို့ဒီကိုဘယ်လိုရောက်လာတာလဲ"
"လောင်ထျန် ??ကိုကိုနဲ့ သူတို့ကသိနေတာလား"
"အင်း ကိုယ်တို့အရင်ကဂိမ်းပြိုင်ပွဲတွေမှာ အတူတူပြိုင်ခဲ့ဖူးတယ်"
"ဂိမ်းပြိုင်ပွဲ??"
"အင်း"
ချန်ရှင်းယွဲ့မှာပြောရင်း ပိုင်ရှို့ချင်းအနားကခုံမှာသွားထိုင်လိုက်သည်။သူ့ကလေးက ချောလည်းချောသလို လှလည်းလှသည်။
"ဒါနဲ့ကလေးက သူတို့နဲ့ဘယ်လိုသိတာလဲ"
"ဘာကိုဘယ်လိုသိရမှာလဲ ဂိမ်းအတူတူဆော့လိုသိတာပေါ့ မင်းအသံကိုငါကြားကတည်းက တစ်ယောက်ယောက်နဲ့တူတယ်ထင်နေတာ မင်းဖြစ်နေတာကိုး"
"မင်းက နန်လီ"
"ဒါပေါ့ မင်းနာမည်ကမှဘာကြီးလဲ ခရမ်းချဉ်သီးမင်းရုပ်ကဘယ်နားမှာ ခရမ်းချဉ်သီးနဲ့တူနေလို့လဲ ချန်ပါးပါးဆိုပြီးပေးသင့်တာ"
"ဒါနဲ့ ဟွားချင်မတွေ့ရတာအတော်ကြာနေပြီဘဲ"
"ဟုတ်ပ အကိုချန်ရှင်းယွဲ့တို့များ အဖွဲ့ပျက်သွားကတည်းက အဆက်အသွယ်ကိုမရတော့ဘူး တော်သေးတာပေါ့ ကောကောအလှလေးကြောင့်ပြန်တွေ့ရတာ"
ပိုင်ရှို့ချင်း ရုတ်တရက်သူပလစ်ခံလိုက်ရသလိုခံစားလိုက်ရသည်။
"အဖွား ခေါက်ဆွဲမှာမယ်"
"လာပြီ"
"အဖွားကျနော့်ကို ခေါက်ဆွဲနှစ်ပွဲ"
"ကလေးစားချင်ရင် ကိုယ်ချက်ပေးမယ်လေ"
"ကိုကိုကချက်တတ်တယ်ပေါ့"
"အင်း ကိုယ့်အဖွားလောက်လက်ရာမကောင်းပေမဲ့ ဆိုင်ဖွင့်စားလို့တော့ရပါတယ်"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)