3.8 (ပြီး)

841 52 13
                                    

<Unicode>
ပြိုင်ပွဲက ပန်းဝင်ဖို့ မီတာ 100 သာလိုတော့သည်။အာရမ်မှာအခုထိ သူ့ကိုကိုရဲ့ပေါင်ပေါ်မှာအနားယူလို့ကောင်းဆဲပင်

'ကောကော အခုထမပြေးရင် ရှိသမျှ points အကုန်နှုတ်ပစ်မယ်လို့ အထက်ကပြောလာပါတယ်'

'ပြေးဆိုပြေးပါ့မယ် တကယ်တည်း အဲ့ point တွေသူတို့ရှာထားတာကြလို့ ဟင့်'

အာရမ်လည်း ထရပ်လိုက်ပြီး အသက်ပြင်းပြင်းရှုထုတ်ကာ အတကုန်ပြေးတော့သည်။မီတာ ၅၀၀ ဆိုတာသူ ၃ မိနစ်ပြေးရုံနဲ့ရောက်သွားသည်။

ဒီပြိုင်ပွဲမှာလည်း အာရမ်ကသာပထမရရှိသွားတာကြောင့် ပြိုင်ပွဲဝင်တွေအကုန်လုံးက ပေါက်ကွဲကာ မြေကြီးကို အာရမ်အမှတ်နဲ့ခြေထောက်နဲ့ဆောင့်ကန်နေကြသည်။

မိန်းကလေးပြိုင်ပွဲမှာမှာတော့ ရာအန်ဒါက ဒုတိယနေရာသာရရှိသွားသည်။ဘာဘဲဖြစ်ဖြစ်ဆုရတာမို့ ရာအန်ဒါကတော့ဝမ်းသာနေသည်။

အာရမ်လည်း သူ့ mission ကတိုင်းပြည်အလိုက်အပြေးပြိုင်ပွဲမှာပထမရရန်ဆိုတာဘဲ ပါတာကြောင့် ဆက်မပြိုင်တော့ပေ...

ကျန်တဲ့ပြိုင်ပွဲဝင်တွေကို ‌အရှေ့ဆုံးခုံမှာနေပြီး ကာသီဆမ်ရင်ခွင်ထဲမှီရင်းကြည့်နေသည်။ရာအန်ဒါကတော့ ပြိုင်ပွဲအကုန်လုံးကို ပါဝင်ယှဉ်ပြိုင်နေသည်။

မီတာ ၅၀၀ အပြေးပြိုင်ပွဲမှာ ဒုတိယရတာကလွဲလို့ကျန်တဲ့ပွဲတွေမှာ ပထမသာရသည်။အာရမ်က ခန္ဓာကိုယ်ကသာ အရှေ့ကိုတည့်တည့်ဖြစ်နေတာ မျက်နှာကတော့ လင်တော်မောင်မျက်နှာဆီမော့ထားသည်။

ကာသီဆမ်ကလည်းဘာထူးလဲ အာရမ်မျက်နှာကို တကမ္ဘာတည်ပြီး ကြည့်နေသည်။အာရမ်မော့ကြည့်ရတာအဆင်မပြေတော့လို့ထင်ပါရဲ့ ထရပ်ပြီး မျက်နှာချင်းဆိုင်ခွထိုင်လာသည်။

လူတွေအကုန်လုံးက ပြိုင်ပွဲကိုသာစိတ်ဝင်စား‌နေကြတာကြောင့် နှစ်ယောက်လုံးကိုသတိမထားမိကြပေ...

သတိထားမိရင်လည်း ညီအကို ဒါမှမဟုတ် သားအဖဆိုပြီးထင်လိမ့်မည် ဘာလို့လဲဆိုတော့ သူတို့မှာ လိင်တူချစ်ကြိုက်တယ်ဆိုတာရှိမှမရှိဘဲ...

အော်သွယ်တော် system Where stories live. Discover now