4.2

740 60 9
                                    

<Unicode>
ဇီကျောင်းတံခါး‌ရှေ့ကိုရောက်တော့ ရပ်လိုက်ပြီး လူပုံပြောင်းလိုက်သည်။ဇီကျောင်းကို ရပ်ပြီးကြည့်နေမိသည်။နေရောင်ကလည်း အနောက်‌ကနေဖြာထွက်နေပုံကြောင့် ဇီရဲ့ပုံစံဟာ နတ်ဘုရားတစ်ပါးပုံပေါ်နေသည်။

ကျောင်းထဲကလူတွေအကုန်လုံးကလည်း တံခါးရှေ့မှာရပ်နေတဲ့ ဇီရဲ့ပုံစံကို ရပ်ကာကြည့်နေကြသည်။

လွယ်အိတ်တစ်ဖက်ကိုတစ်စောင်းလွယ်ပြီး တစ်လှမ်းချင်းတစ်လှမ်းချင်း မိမိုက်စွာဝင်လာတဲ့ ဇီကို ကျောင်းသားကျောင်းသူအကုန်လုံးက ငေးကြည့်နေကြသည်။

ထိုအထဲတွင် ဇာတ်လိုက် ဇိုနဲ့ ဇာတ်လိုက်မ မိုအပါအဝင်ဖြစ်သည်။အနောက်ကနေ စူးရဲပြီးနီရဲနေတဲ့ လူတစ်ယောက်မဝင်လာခင်အထိ ဇီဟာ သူ့ကိုငေးကြည့်နေတဲ့လူတွေကြောင့် လေပေါ်မြှောက်တက်နေသည်။

ထိုပျော်ရွှင်မှုက အနောက်ကနေ ဝင်တိုက်ပြီး ကျောင်းထဲဝင်သွားတဲ့သူကြောင့် ယိုင်သွားရင်း ပျောက်သွားတော့သည်။

"Fuck ဒီကောင် မျက်လုံးကန်းနေတာလား လမ်းအကျယ်ကြီးကို ငါ့ကိုဝင်တိုက်ပြီးဝင်သွားတယ် ဟေ့ကောင် နားကန်းနေလား ငါပြောတာမကြားဘူးလား"

သူကသာ အော်နေတာ အတွင်းထဲမှာ အနီရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး ဘောင်းဘီမဲကိုဝတ်ကာ အမဲရောင်ကုတ်ရှည်ကို ထပ်ဝတ်ထားတဲ့ သူက အရေးဝောင်မလုပ်ပေ..

"ချီး လာလာချင်း အချေခံနေရတယ်"

‌ဇီလည်း ဂရုမစိုက်တော့ဘဲ လွယ်အိတ်ကြိုးကိုကိုင်ကာ သူတက်ရမဲ့အခန်းဆီထွက်လာခဲ့သည်။

ခုနကအထိ တည်ငြိမ်ပြီးဆွဲဆောင်မှုရှိနေတဲ့ ဇီဟာ တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးလွယ်တဲ့ကလေးပုံဖြစ်သွားတော့သည်။အရှေ့ကလူကလည်း နှုတ်ခမ်းတွန့်ရုံပြုံးလာသည်။

ဇီအခန်းထဲဝင်လိုက်ပြီး နောက်ဆုံးရဲ့ထောင့်အကျဆုံးနေရာမှာဝင်ထိုင်ကာ စားပွဲပေါ်လွယ်အိတ်တင်ပြီး မှောက်အိပ်လိုက်သည်။

အချိန်အနည်းငယ်ကြာတော့ ဆရာမတစ်ယောက်ဝင်လာပြီးနှုတ်ဆက်လာခဲ့သည်
နှုတ်ဆက်သံကြားမှ ဇီ မှောက်အိပ်နေရာကနေ ခေါင်းအနည်းငယ်ထောင်ကြည့်ကာ ပြန်အိပ်လေသည်။

အော်သွယ်တော် system Where stories live. Discover now