6.7

432 37 12
                                    

<Unicode>
ပိုင်ရှို့ချင်းဆော့ထားတဲ့ပွဲမှတ်တမ်းကိုပြန်ကြည့်လိုက်တော့ ရှုံးပွဲတွေအပြင် သေထားတာကလည်း မနည်း...

'panda ကောင်ထွက်ခဲ့စမ်း'

'ဘာဖြစ်လို့လဲ ကောကော '

'ဒီအိမ်ကိုဘယ်သူဝင်သေးလဲ'

'ဘယ်သူမှမဝင်ပါဘူး'

'ငါ့ဂိမ်း ID card ရောဘယ်သူကိုင်သေးလဲ'

'သားသားကလွဲပြီး ဘယ်သူမှမကိုင်ပါဘူး'

'ဒါဆို ဂိမ်းဆော့ထားတာ မင်းပေါ့'

'သားသားက စေတနာနဲ့ကောကော အဆင့်အမြန်တက်ပါစေဆိုပြီး ဆော့ပေးလိုက်တာ ကြည့်ပါလား အခုကောကောက နံပတ် ၁ ဖြစ်သွားပြီ'

'ဘယ်နားကြည့်ပြီး အဲ့လိုပြောရဲတာလဲ'

'ကောကော ကျောင်းမှာ အဆင့်တွေမရဖူးဘူးလား ၁ ဘဲရှိတဲ့သူက အတော်ဆုံးလေ အခုကောကောကလည်း ကြယ် ၁ လုံးဆုံးတော့ အတော်ဆုံး number one ဖြစ်သွားပြီလေ ဟီးဟီး သားသားတော်တယ်မလား'

'တော်ပါပေတယ် ချီးကျွေးချင်လောက်အောင်တော်တယ် နေပါအုံး ငါ့လက်နက်နဲ့ပစ္စည်းတွေကရော'

'သားအိပ်နေချိန် သူတို့က လာကောက်သွားတာ သားလိုက်တောင်းတော့လည်း မပေးဘူး အဲ့ဒါနဲ့ ရှိသမျှ ပစ္စည်းတွေနဲ့ကောက်ပေါက်တာ ကုန်သွားတယ် တော်သေးတယ် လူတစ်ယောက်က သားကို မင်းလှံဓါးနဲ့ငါ့ဓါးလဲမယ်ဆိုပြီး လဲသွားတာ သားမှာ ခဲချွန်ဓါးကျန်ခဲ့တယ် '

'အမလေး အမလေး ဒီ system ငါမလိုချင်တော့ဘူး'

'ဘာဖြစ်လို့လဲ ကောကော သားကအရမ်းတော်လို့ ကောကောနဲ့မတန်ဘူးထင်လို့လားရပါတယ် အားမနာပါနဲ့ သားက အနိုင်ကျင့်တတ်တဲ့သူဟုတ်ပါဘူး'

'မင်း ထွက်သွားစမ်း!!...'

'ကောကော သားကိုအော်တယ် 🥺🥺'

'မင်းကိုငါ အော်ရုံတင်မဟုတ်ဘူး အရေခွံဆုတ်ပြီး ကင်စားပလိုက်ချင်တယ်'

'ပြေးပြီ'

Panda လေးမှာအရေခွံဆုတ်ခံရမှာဆိုးတာကြောင့် လိုင်းဆင်းသွားတော့သည်။မဆင်းခင်လည်းပြောသွားပါသေးတယ် ဘာတဲ့

အော်သွယ်တော် system Where stories live. Discover now