5.4

673 49 5
                                    

<Unicode>
သူကနေချိန် အနောက်ကနေ လူတစ်ယောက်ကဖက်တွယ်ကာ လည်တိုင်ကို နမ်းရှိုက်လာတော့သည်။နေခြည်သွေးနောက်ကိုဆက်ကနဲ လှည့်ကြည့်လိုက်တော့ ထိုလူက ဒါကိုအခွင့်ကောင်းယူပြီး နှုတ်ခမ်းပါးကို ငုံ့ထွေးလာသည်။

ရုန်းတော့လည်း ထိုလူက လုံးဝအလွှတ်မပေးဘဲပို၍သာ နမ်းရှိုက်လာသည်။ငြင်းနေတဲ့ ကလေးကြောင့် ရောင်လင်းရှိန် ကလေးရဲ့အောက်နှုတ်ခမ်းကို သွေးထွက်တဲ့အထိကိုက်လိုက်တော့ ကလေးရဲ့ နှုတ်ခမ်းလွှာလေးဟာ ပွင့်ဟသွားသည်။ဒါကိုအခွင့်ကောင်းယူပြီး လျှာကို အထဲသွင်းကာ ကလေးရဲ့ဂူပေါက်ကို စူးစမ်းကြည့်သည်။

ကလေးရဲ့ လျှာဖျားလေးကို သွားပွတ်သပ်လိုက်တော့ ကလေးက တစ်ချက်တုန်သွားပြီ သူ့အနမ်းတွေကို တုန့်ပြန်လာသည်။ဒီလိုဘဲနမ်းနေရင် ကလေးဇာက်ညောင်းမှာဆိုးတာကြောင့် ခန္ဓာကိုယ်ကို သူ့ဘက်လှည့်ယူပြီး ခါးကို လက်နှစ်ဖက်ကိုင်ကာ dancing floor မှာအနမ်းတွေကို ပုံဖော်ကြတော့သည်။

ကျန်တဲ့လူတွေကလည်း သူတို့နှစ်ယောက်ကို လာမနှောက်ယှက်ပေ အချိန်အတော်ကြာပြီးမှ အနမ်းကို အဆုံးသတ်လိုက်ကြသည်။နေခြည်သွေး သူ့ထပ်အရပ်အနည်းငယ်ပိုမြှင့်တဲ့ လူကို မော့ကြည့်လိုက်ပြီး

"ချစ်တယ်ကိုကို"

ဆိုပြီး ဖွင့်ပြောလိုက်သည်။ရောင်လင်းရှိန်လည်းမဆိုင်းမတွပင်

"ကိုယ်လည်းအရမ်းချစ်တယ်"

ဆိုပြီးပြန်ဖြေလာသည်။ထို့နောက်ထပ်တူပြန်ကျသွားသည့်နှုတ်ခမ်းတစ်စုံ ရောင်လင်းရှိန် ဒီနေ့မှ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ရောက်လာတာနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ကလေးနဲ့ ရည်းစားဖြစ်သွားမယ်လို့တစ်ကြိမ်တစ်ခါမျှမတွေးဖူးပေ...

နှစ်ယောက်လုံးက နာမည်တောင်မသိဘဲ ရည်းစားဖြစ်သွားတယ်လို့ပြောရင် လှောင်ရီကြမလား ခများတို့ရီ မရီတော့ မသိဘူး ကိုကိုသူငယ်ချင်းတွေကတော့ လှောင်ရီကြတယ် ဖြစ်ပုံက ဒီလို...

နှစ်ယောက်သား အချစ်သင်္ကေတဖြစ်တဲ့ နမ်းခြင်းကို ပုံဖော်ပြီးနောက်မှာတော့ ရောင်လင်းရှိန်သူ့သူငယ်ချင်းတွေရှိတဲ့ အထပ်ကို နေခြည်သွေးရဲ့လက်ကိုဆွဲပြီး တက်လာခဲ့သည်။အခန်းထဲမှာတော့ သူ့သူငယ်ချင်း ၅ ယောက်လောက်ရှိသည်။

အော်သွယ်တော် system Where stories live. Discover now