7.4

232 24 1
                                    

<Unicode>
ထိုညက ဓါးမြအဖွဲ့သားတွေမှာ သူတို့ခေါင်းဆောင်ကို ယပ်ခတ်ပေးသူကခတ် ရေနဲ့လောင်းချသူကလောင်းချနဲ့ ညအိပ်ချိန်အတော်ကျော်မှ အိပ်စက်ခဲ့ရသည်။

တပည့်တွေရဲ့ကောင်းမှုကြောင့် ချစ်ပြေငြိမ်းမှာအင်္ကျီမပါဘဲညအိပ်ချိန်ကို ကျော်ဖြတ်ခဲ့ရသည်။

နောက်တစ်နေ့ ဘယ်သူမှမနိုးသေးခင် နီးစပ်ရာမြို့ဆီအရင်ထွက်သွားပြီး ဆံပင်ညှပ်ဆိုင်၊နှုတ်ခမ်းမွှေးရိတ်တဲ့နေရာတွေအစုံသွားလေသည်။

အဝတ်အစားရောင်းတဲ့ဆိုင်တွေထဲဝင်ပြီး fashion ကျပြီးလိုက်ဖက်မဲ့အဝတ်အစား အစုံ 50 လောက်ဝယ်လိုက်သည်။

သန့်ရှင်းသွားတဲ့မျက်နှာအပြင် သားသားလေး Panda ဆီကနေ ရုပ်ရည်အဆင့်မြှင့်တင်ထားတာကြောင့် ချစ်ပြေငြိမ်းရဲ့မျက်နှာဟာ ပိုလှသွားသလို ယောက်ျားလည်း ပိုပီသသွားစေပြီး ခန့်ချောကြီးဖြစ်စေသည်။

ခန္ဓာကိုယ်အချိုးအစားကလည်း သူ့နေရာနဲ့တူကြည့်ကောင်းကာ ဗိုက်သားမှာလည်း ချပ်နေရာကနေ sixpack ရေးရေးလေးပေါ်လာသည်။

အရပ်ကလည်း 6 ပေရှိသလို ခြေတံတွေဟာလည်းရှည်လျားတာကြောင့် idol မင်းသားလိုလိုရုပ်ပေါက်သွားသည်။

အဖြူရောင် T-shirt ကို အမဲရောင် style pants နဲ့တွဲဖက်ဝတ်ဆင်ထားလိုက်ပြီး အမဲရောင်မျက်မှန်တစ်လက်ကိုပါ တပ်ထားလိုက်သေးသည်။

ပိုပြီးဆွဲဆောင်မှုရှိအောင် အသဲပုံထဲမှာနှင်းဆီပန်းကိုမြွေကရစ်ပတ်နေတဲ့ပုံပါတဲ့ ဆွဲကြိုးတစ်ကုံးကိုပါ ဝယ်ဝတ်လိုက်သည်။

ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ပြီး စတိုင်ကျကျလမ်းလျှောက်သွားချိန် မြင်သူတိုင်းက နှစ်ခါပြန်ငေးရသည်။

ချစ်ပြေငြိမ်းလျှောက်နေရင်း ဗိုက်ကတဂွီဂွီမြည်လာတာကြောင့် စားသောက်ဆိုင်တစ်ခုထဲဝင်ပြီး မနက်စာစားသောက်လိုက်တော့သည်။

တောမှာကျန်နေခဲ့တဲ့ သူ့တပည့်တွေလည်းစားရပါစေဆိုတဲ့စေတနာနဲ့ ပါဆယ်အထုပ်အများကြီးထုပ်ခိုင်းတော့သည်။

သယ်ရမှာခက်ခဲတာကြောင့် ပါဆယ်ထုပ်ကို ခဏထားခဲ့ပြီး ကားတစ်စီးကိုပါသွားဝယ်လိုက်သည်။လိုလိုမယ်မယ်ဆိုင်ကယ်တစ်စီးပါဝယ်လိုက်ပြီး ကားပေါ်တင်လိုက်သည်။

အော်သွယ်တော် system Where stories live. Discover now