2.3

1K 69 4
                                    

<Unicode>
နေ့လည်စာစားချိန် မိန်းကလေးအကုန်လုံးက ကျောက်ဆန်းယွင်ကို ဝိုင်းပြီး နှင်ထုတ်ဖို့တိုင်ပင်ကာ ကျောက်ဆန်းယွင်ရဲ့အခန်းသွားကြသည်။

အခန်းထဲက ကုတင်တွေကန့်လန့်ကာတွေအကုန်လုံးကို ဖြုတ်ပြီး တစ်ခန်းလုံးကို ရှုပ်ပွအောင်လုပ်လိုက်ကြသည်။

အဝတ်အစားတွေကိုလည်း အကုန်လုံး ဖွပြီးမှထွက်သွားကြလေသည်။ကျောက်ဆန်းယွင် နေ့လည်စာစားပြီး အခန်းပြန်လာတော့

"အမလေး ဒါငါ့အခန်းလား ကြွက်နေတဲ့အခန်းလားဟ ရှုပ်ပွနေတာဘဲ"

'မနာလိုသူတွေ လုပ်ထားတာပါ'

'ဟူး ဝောာ်ရတာကလည်း ရန်သူပေါများစေတာဘဲ  Panda လေး ငါဒီက ထွက်သွားလို့ရလား'

'ရပါတယ် '

'ok'

ကျောက်ဆန်းယွင်လည်း သူ့အဝတ်အစားထဲက ယောက်ျားလေးဆန်ဆန်အဝတ်တွေကို ရွေးထုတ်လိုက်ပြီး သိမ်းဆည်းကာ ထွက်လာခဲ့လိုက်သည်။

မိန်းကလေးတွေကတော့ ပျော်နေကြတာပေါ့ အခုကျောက်ဆန်းယွင်မရှိတော့ရင် လူတိုင်းက သူတို့ကိုဘဲကြည့်တော့မှာလေ....

ကျောက်ဆန်းယွင် ထွက်သွားပြီး ဈေးထဲဝင်လိုက်သည်။ပိုက်ဆံရှာအုံးမှာမလား...နေရာထိုင်ခင်း ကောင်းကောင်းရှာပြီး ကုချင်းပေါ် လက်ချောင်းသွယ်သွယ်လေးတွေကို ရွေ့ပြီးတီးခတ်တော့သည်။

မျက်နှာမှာ ပုဝါဖြူအုပ်ထားပေမဲ့ သူ့အလှကပေါ်လွင်နေသည်။ဈေးဝယ်နေသူတိုင်းက ကျောက်ဆန်းယွင်ကို တွေ့ပြီး နတ်သားတစ်ပါး လမ်းမှားရောက်လာတာလားဆိုပြီး တွေးနေကြသည်။

ကျောက်ဆန်းယွင်လည်း တီးခတ်ပြီးဆုံးသွားဝောာ့

"ကျနော့် ဂီတသံကို သဘောကျတယ်ဆိုရင် ဆုချလို့ရပါတယ် "

ဆိုပြီး ပိတ်စဖြူတစ်ခုကို သူ့ရှေ့မှာ ဖြန့်ချထားလိုက်သည်။ပြီးမှ နောက်တစ်ပုဒ်ကို ဆက်တီးခတ်လေသည်။

'host ဘာလုပ်နေတာလဲ'

' money ရှာနေတာလေ '

'အဆန်းနော်'

'မဆန်းပါဘူး မင်းလို system ပေါက်စက ဒါတွေမမြင်ဖူးလို့ ဆန်းနေတာ တိတ်တိတ်နေ ငါအာရုံနောက်တယ်'

အော်သွယ်တော် system Where stories live. Discover now