6.5

453 35 9
                                    

<Unicode>
နတ်ဆိုးနဲ့ခရမ်းချဉ်သီး  ၃ မိနစ်လောက်ကြာတော့ ပုန်းနေရာကနေထွက်ပြီး အသက် ၅% လောက်သာကျန်တော့တဲ့ လူ 10 ယောက်ကို တက်ညီလက်ညီတိုက်တော့သည်။

ကျန်တဲ့သူတွေမှာလည်း ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့် ပြန်ခုခံချိန်တောင်မရဘဲ သေဆုံးသွားကြတော့သည်။

နတ်ဆိုးနဲ့ခရမ်းချဉ်သီးကလည်း လက်နက်အကုန်လုံးကိုကောက်ပြီး သိမ်းထားလိုက်သည်။ထို့နောက် မြေပုံကို တစ်ချက်ကြည့်လိုက်တော့ သူတို့ရဲ့ ခြေ ငါးလှမ်းအကွာမှာ ရပ်နေတဲ့ အနီရောင်အစက် 3 စက်တွေ့လိုက်သည်။

သဘောက အနီရောင်တပ်သား 3 ယောက်က သူတို့ကိုတိုက်ဖို့ ထိုနေရာမှာချောင်းနေသည့်ပုံ..အခုမှ Boss game ကိုစဆော့ဖူးသူတွေထင်တယ်..

ဇာတ်ကောင်က ပုန်းချင်ရင် မြက်ပင်ရှည်နဲ့ကျောက်တုံးတွေကြားမှာပုန်းနိုင်သည်။ဒါဆို မြေပုံမှာ သူတို့ရဲ့တည်နေရာမပေါ်တော့ဘူး...

"ကြည့်ရတာ သူတို့အဖွဲ့သားအတွက်မကျေပွဲလာနွှဲတဲ့ပုံဘဲ"

"ကိုယ်တို့တိုက်ကြမလား ကလေး"

"တိုက်ရမှာပေါ့ ဟမ်နေအုံး မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်"

"နတ်ဆိုးကလေးလို့ခေါ်လိုက်တာလေ"

"အော် "

နတ်ဆိုး ဓါးကို ပျင်းတိပျင်းရိကိုင်ပြီး အရှေ့ကိုထွက်လာခဲ့သည်။အနောက်နားက လူမှာတော့

'ဟူး တော်သေးတယ်သူသေချာမကြားလိုက်လို့'

တစ်ယောက်ထဲတွေးပြီး လေပူတွေမှုတ်ထုတ်ကာ အနောက်ကိုအပြေးလိုက်တော့သည်။နတ်ဆိုး သူ့ရှေ့မှာရှိနေတဲ့အဖွဲ့သား ၃ ယောက်ကိုကြည့်လိုက်သည်။

တိုက်ခိုက်သူ၊တိုက်ခိုက်သူ၊ကူညီသူ သုံးယောက်ဖြစ်နေသည်။တိုက်ခိုက်သူတစ်ယောက်နဲ့ကူညီသူက လက်နက်မရှိတော့ဘဲ ကျန်တဲ့တိုက်ခိုက်သူတစ်ယောက်ကသာ လှံရှည်ကိုကိုင်ထားသည်။

နတ်ဆိုးအချိန်ဆွဲမနေတော့ဘဲ ထိုနေရာကို ပြေးသွားကာ ဓါးနဲ့လှမ်းခုတ်ကာတိုက်တော့သည်။

ဓါးနဲ့လှမ်းခုတ်ချိန် လျှပ်စစ် skill ကိုပါထုတ်သုံးလိုက်တာကြောင့် ဓါးနဲ့အခုတ်ခံရသူဟာ အသက် % အတော်လျော့သွားသည်။

အော်သွယ်တော် system Where stories live. Discover now