6.17

373 26 12
                                    

<Unicode>
တိုက်ခိုက်သူသေသွားတာကို သူ့အဖွဲ့သားတွေကသိတော့ ‌လမ်းအတိုင်း ထိုနေရာကို ရောက်လာကြသည်။

တိုက်ခိုက်သူရဲ့ပြောစကားအရ သူ့ကိုဝိုင်းတိုက်တဲ့ထဲမှာ မှော်ဆရာမပါဘူးဆိုတာကြောင့် သူတို့က ရဲတင်းစွာ 4 ယောက်လုံး နတ်ဆိုးတို့ဆီပြေးလာကြသည်။

ဒါကိုတိုက်ပေါ်က မှော်ဆရာနန်လီကတွေ့တော့

"အဟေးဟေး ငါ့အတွက်အကုန်လုံးလာကြပြီး နတ်ဆိုးရေ ငါတို့အကုန်ပူးပေါင်းရအောင်"

"ဟုတ်ပြီ သန်မာသူမင်းရှေ့မှာနေပြီး သူတို့တွေကို မြှားခေါ်လိုက် သူတို့တစ်နေရာထဲစုရောက်လာရင် ငါ ရေခဲ skill ဖွင့်လိုက်မယ် ကိုကို လောင်ချာအသင့်ပြင်ထား မှော်ဆရာမင်း ကတော့ သူတို့ကိုမျိုချဖို့ပြင်ထားလိုက်"

"Ok ပြသနာမရှိဘူး သူတို့အကုန်လုံးကို ငါ့ရဲ့skill. ဘယ်လောက်မိုက်လဲကြွားလိုက်မယ်ဒါနဲ့ မင်းရဲ့ရေခဲ skill. က cooldown မရှိတော့ဘူးလား"

"၁၀ စက္ကန့် လိုသေးတယ်အဲ့ဒါကြောင့်လည်း လုံဖန်းကို အချိန်ဆွဲထားခိုင်းတာပေါ့"

"အော် သူတို့လာနေပြီ"

"ဘယ်လောက်ဘဲလိုတော့တာလဲ အကို"

"ခြေလှမ်း ၁၀ လှမ်းလောက်ဘဲလိုတော့တယ်ညီမလေး အဆင်သင့်ပြင်တော့"

"I'm ready "

"၃...၂....၁...ရောက်ပြီ"

ရန်သူတွေမှာ တိုက်အကွေ့ထဲက ထွက်လာရုံဘဲရှိသေးတယ် ဖင်ကုန်းပြီးလှုပ်ပြနေတဲ့
လုံဖန်းကိုတွေ့လိုက်ရသည်။

လုံဖန်းရဲ့ခေါင်းပေါ်မှာလည်း

"Surprise "

ဆိုတဲ့စာသားရှိနေသည်။

"၁ ..၂...၃...၄..၅...ဖင်လေးကိုလှုပ်လိုက်ပါ ဟောဒီလိုဟောဒီလိုလှုပ်လိုက်ပါ"

စာသားနဲ့ဖင်လေးလှုပ်ကာ ကပြနေတဲ့ လုံဖန်းကြောင့် ရန်သူတွေမှာ စိတ်တိုလာကြပြီး အရှေ့ကိုပိုတိုးလာကြသည်။

လုံဖန်းဘေးကိုကြည့်ပြီး တစ်ခြားလူတွေရှိမလားရှာကြည့်ပေမဲ့ မတွေ့တာကြောင့် ရဲတင်းစွာပြေးလာကြသည်။

အော်သွယ်တော် system Where stories live. Discover now