2.10 (ပြီး)

1.1K 77 14
                                    

<Unicode>
'သားသားလေးရေ'

'ဗျာ ကောကော'

'အမှန်ပြောတဲ့ဆေးအမှုန့်ကို အမတ်ကြီးပေါ်ဖြန့်ပေး'

'၁၀ points နှုတ်လိုက်ပြီနော် လက်ကျန် points 490 ပါ'

မကြာခင်မှာပင် လျိုအမတ်ကြီးက

"ဟား ဟား ငါပုန်ကန်မယ်ဆိုတော့ရော ဘာဖြစ်လဲ အဲ့လို အသုံးမကျတဲ့ အိမ်ရှေ့စံကို ဘယ်သူမှ မလိုချင် အစက သူ့ကိုငါ့သမီးနဲ့လက်ထပ်ပြီးရင် ခြယ်လှယ်ဖို့တွေးထားဝာာကို ဒီဘုရင်အရူးက စေ့စပ်ပွဲမလုပ်တော့ဘူးလေ အရူးတွေ ငါပုန်ကန်တဲ့အချိန်ကြမှ အကုန်လုံးကို သတ်ပစ်မယ် ဟား ဟား"

လျိုအမတ်ကြီးရဲ့ နောက်လိုက်တွေက လည်ပင်းယားကုန်ကြပြီး ဘုရင်နဲ့သူ့မိဖုရားက ဒေါသထွက်လာကြသည်။

အခုထိ လျိုအမတ်ကြီးက ရူးနေသလိုတဟားဟားအော်ရီနေသေးသည်။

"ဒီအမိုက်သားကို အကျဉ်းထောင်ထဲချုပ်ထားကြစမ်း မနက်ဖြန် နေထွက်တာနဲ့ ခေါင်းဖြတ်စေ သူ့အိမ်တော်ကလူတွေကိုတော့ နယ်နှင်ဒဏ်ပေးစေ"

ဘုရင်ကြီးအမိန့်သံကြားတာ‌နဲ့ အစောင့်တွေက ရီနေတဲ့လျိုအမတ်ကြီးကို ဖမ်းဆီးသွားတော့သည်။

ပညာရှိအမတ်ကြီးက ရှေ့ကိုထွက်လာပြီး

"အရှင် ပုန်ကန်သူတွေမရှိတော့တဲ့အတွက် အိမ်ရှေ့စံမင်းသားတို့အရေးကို ဆက်လက်လုပ်ဆောင်စေချင်ပါတယ်"

"ကောင်းပြီ ပညာရှိအမတ်ကြီးက ဘယ်လိုမျိုးတွေးထားလဲ ဖြေစေ"

"ကျနော်မျိုးကတော့ လိင်တူချင်း ချစ်ကြိုက်တာကို မကန့်ကွက်လိုပေမဲ့ သွေးသားရင်းချာ"

"ခဏလေးပါ ပညာရှိအမတ်ကြီး အကုန်လုံးကို ငါကိုယ်တော်ပြောပြစရာရှိပါတယ်"

"ပြောကြားတော်မူပါ အရှင်မင်းကြီး"

"‌သားတော် ဝမ်ကျင်းဆွေနဲ့ သားတော်ကျောက်ဆန်းယွင်ဟာ ဘာမှမဆိုင်ပါဘူး"

"ဗျာ"

"ဟမ်"

အကုန်လုံးက အာမေဍိတ်သံ ထွက်လာသလို ပျင်းတိပျင်းရွဲ့ထိုင်နေတဲ့ ကျောက်ဆန်းယွင်ရဲ့ကိုယ်လုံးကလည်းမတ်သွားသည်။

အော်သွယ်တော် system Where stories live. Discover now