4.8

643 49 7
                                    

<Unicode>
ဇီက ဓါးနဲ့တိုက်နေရင်း ဇူးနား ရောက်လာကာ ပါးကို

"မွ"

ဆိုပြီး တစ်ချက်နမ်းလိုက်သည်။ရလဒ်ကတော့ ထိုပွဲမှာ ဇီအနိုင်ရသွားခဲ့သည်။ထိုနေ့က ပြိုင်ပွဲဟာ အဆင့်တွေကိုသတ်မှတ်ရာမှာ နောက်ဆုံးပြိုင်ရမည့်ပွဲဖြစ်သည်။

ရလဒ်ကတော့ရှင်းနေပြီ ဒီလပတ်စမ်းသပ်ပွဲမှာ ဇီက ပထမရပြီး ဇူးကတတိယရကာ ဇိုကတော့တတိယရခဲ့လေသည်။

ကျောင်းသူတွေရဲ့အဆင့်ကတော့ မိုက ပထမဖြစ်ပြီး ‌ကျန်တဲ့ကျောင်းသူနှစ်ယောက်က ဒုတိယနဲ့တတိယရကြသည်။

မိန်းကလေးနဲ့ယောက်ျားလေးကိုပေါင်းပြီး အဆင့်သတ်မှတ်ချိန်မှာတော့ ဇီကပထမရပြီး ဇူးက ဒုတိယရကာ မိုကတော့ တတိယရလေသည်။

ဇီပြုံးရွှင်စွာကျောင်းထဲကထွက်လာချိန် နောက်ကအပြေးလိုက်လာတဲ့ဇူးက

"ကလေး ကိုယ်အိမ်ပြန်ပို့်ပေးမယ်"

"ရပါတယ် မနက်ဖြန်အတွက်ဘဲသွားပြင်ဆင်‌လိုက်ပါ"

"အင်း အင်း မနက်ဖြန်စောစောလာခဲ့ကြနော် ကိုယ်မျှော်နေမယ်"

"အင်း သွားပြီနော်"

"ကလေး ဘိုင်ဘိုင်"

"ဘိုင်ဘိုင်"

ဇီလည်း လွယ်အိတ်ကြိုးကို တစ်ဖက်ကကိုင်ပြီး နောက်တစ်ဖက်ကိုတော့ ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး လေချွန်ကာ အိမ်ပြန်လမ်းသို့ထွက်သွားသည်။

ဇူးကလည်း မနက်ဖြန်အတွက် အိမ်ကိုပျော်ရွှင်စွာအမြန်သွားလေတော့သည်။နှစ်ယောက်သားက တစ်ခါနှီးနှောပြီးပြီမို့ စိတ်ချင်းအနည်းငယ်ဆက်လာသည်။

သူပျော်နေရင် ကိုယ်ပါအလိုလိုပျော်နေပြီး သူဝမ်းနည်းရင် ကိုယ်ပါဝမ်းနည်းလာသည်။
ခံစားချက်အမြားအပြားထဲမှာမှ အခုချိန်တွင် နှစ်ယောက်လုံးပျော်နေသည်။

ဇီအိမ်ပြန်ဖို့ ဝံပုလွေပုံပြောင်းလိုက်ချိန် ပိုက်ကွန်တစ်ခုက သူ့ကိုယ်ပေါ်အုပ်လာသည်။

ရုန်းတော့ ပိုက်ကွန်နဲ့ငြိပြီး လှုပ်မရတော့ပေ...လူပုံပြောင်းပေမဲ့ ဘယ်လောက်ဘဲပြောင်းပြောင်း ပြောင်းလို့မရဖြစ်နေသည်။

အော်သွယ်တော် system Where stories live. Discover now