6.14

420 28 9
                                    

<Unicode>
ချန်ရှင်းယွဲ့သူ့ကလေးကို ငေးကြည့်နေချိန် ကလေးရဲ့မျက်လုံးတွေက လှုပ်စိလှုပ်စိဖြစ်လာတာကြောင့် အိပ်ချင်ယောင်ဆောင်လိုက်သည်။

ပိုင်ရှို့ချင်းတဝါးဝါးသမ်းပြီးထထိုင်လိုက်ပြီး မျက်လုံးမဖွင့်ဘဲ အခန်းပြင်ထွက်ကာအောက်ထပ်ကို ရေသောက်ဖို့ဆင်းလာလိုက်သည်။
ရေသောက်ပြီးရင်ပြန်အိပ်ဖို့တွေးလိုက်သည်။

ချန်ဖွားမှာ သူ့မြေးရဲ့ဖိတ်ကြားမှုကြောင့် အိမ်ကိုပြန်လာခဲ့သည်။သူပြန်လာချိန် ဘယ်သူမှမနိုးသေးတာကြောင့် မီးဖိုချောင်ထဲဝင်ပြီးမနက်စာချက်ပြုတ်လိုက်သည်။

မနက် 7 နာရီထိုးတော့ အိမ်အပေါ်ထပ်ကနေ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ ပိုင်ရှို့ချင်း တစ်ဝါးဝါးသမ်းရင်းဆင်းလာသည်။

အဖွားကိုတွေ့တော့

"ဟင် အဖွားဘယ်ချိန်ကရောက်တာလဲ"

"ခုနကပါဘဲ မြေးလေးက ဒီမှာနေတာလား"

"ဟီးဟုတ်တယ် ဖွား သားတို့ဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေလို့ ဒီမှာခဏတဖြုတ်လာနေတာ ဖွားဘာလုပ်နေတာလဲ"

"မနက်စာပြင်ပေးနေတာ "

"သားလည်းကူမယ်"

"ရပါတယ်ရှင် မျက်နှာသစ်သွားတိုက်ပြီး ရှင်းယွဲ့ကိုခေါ်ပြီးဆင်းလာခဲ့ကြ အတူတူစားကြမယ်"

"ဟုတ်ဖွား"

ပိုင်ရှို့ချင်း ရှက်ပြုံးပြုံးပြလိုက်ပြီး အပေါ်တက်လာခဲ့သည်။အခန်းထဲဝင်လိုက်ချိန် ဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ ချန်ရှင်းယွဲ့ကြောင့်

"ဟင် ကိုကိုနိုးပြီလား ကလေးတောင်အခုမှလာနှိုးမလို့ကို"

ချက်ချင်းထိုင်နေရာကနေ ကုတင်ပေါ်ပြန်လှဲချလိုက်တဲ့ ချန်ရှင်းယွဲ့ကြောင့်

"ဟင် ကိုကိုဘာလို့ပြန်အိပ်နေတာလဲ မျက်နှာထသစ်တော့လေ အဖွားကမနက်စာပြင်ပြီးစောင့်နေတယ်"

"ကိုယ်အိပ်နေတုန်းဘဲ လာနှိုးလှည့်"

"ဟုတ်ကဲ့ပါခမျ ကိုကိုထတော့လေ"

"မထဘူး"

"ထပါတော့ဆို"

"အာဘွားပေးပြီးနှိုးပါလားကလေးရယ် ချက်ချင်းထလိုက်မယ်"

အော်သွယ်တော် system Where stories live. Discover now