1.3

1.3K 76 2
                                    

<Unicode>
မြင်တိုင်းချစ် သူ့အခန်း 10 A က ခုံအောက်မှာထည့်ထားတဲ့ ပစ္စည်းတွေယူပြီး 10 F ဆီသွားလိုက်သည်။

မနေ့က သူ့ဘောလုံးကိုင်ရင်း ဆော့နေချိန် မမျှော်လင့်ဘဲ 10 F အခန်းရှေ့ရောက်သွားခဲ့သည်။

အဲ့မှာ သူ့ကိုအရင်က တစ်ခါနှစ်ခါလောက် နှိပ်စက်ဖူးတဲ့ တုန်လှုပ်စေက မှောက်‌အိပ်နေတာကြောင့် တမင် ဘောလုံးကို ခေါင်းတည့်တည့်ပစ်လိုက်သည်။

မြင်တိုင်းချစ် ဆိုတဲ့သူ့ဘဝမှာ တစ်ခါနှစ်ခါ ခွင့်လွှတ်ပေးလို့ရတယ် ဒါပေမဲ့ သုံးခါဆိုတဲ့အကြိမ်မှာတော့ လူတိုင်းကို သတ်ပစ်တတ်သည်။

အခုတုန်လှုပ်စေကလည်း သူ့ကိုနှစ်ခါဘဲ အနိုင်ကျင့်သေးတော့ သုံးခါမြောက်အနိုင်ကျင့်ခံရအောင်ဖန်တီးလိုက်သည်။

ပြီးရင်တော့ ပျောက်ကွယ်သွားအောင်လုပ်ပစ်မယ်ပေါ့ ဒါပေမဲ့ တုန်လှုပ်စေက ဘာမှပြန်မလုပ်လာဘူး စိတ်ဝင်စားဖို့ကောင်းတယ်...

မြင်တိုင်းချစ် 10 F ရောက်တော့ လူတွေက ဆူညံနေသည်။နောက်ဆုံးခုံကိုကြည့်လိုက်တော့ သူ့ရဲ့အေးချမ်းရာက ခုံပေါက်မှောက်အိပ်နေသည်။

မြင်တိုင်းချစ်လည်း White board ရှေ့မှာ သွားရပ်လိုက်ပြီး

"အားလုံးဘဲ ကျနော့်နာမည်က မြင်တိုင်းချစ်ပါ ဒီအခန်းကို ပြောင်းလာတဲ့သူပါ"

ဆိုပြီးမိတ်ဆက်လိုက်သည်။သူ့အနေနဲ့ နာမည်မိတ်ဆက်ရတာကို မုန်းပါသည်။ဒါပေမဲ့ သူ့နာမည်ကို တုန်လှုပ်စေသိသွားအောင်တမင် မိတ်ဆက်လိုက်သည်။

တစ်တန်းလုံးက ခဏတာငြိမ်သက်ပြီး ပြန်ဆူညံသွားသည်။ထိုအချိန် သူ့အနားကို မနေ့က လည်ပင်းကို လက်မနဲ့လှီးသလို လုပ်ပြတဲ့ တုန်လှုပ်စေနောက်လိုက်တွေက ရောက်လာခဲ့သည်။

မြင်တိုင်းချစ် အနေနဲ့ ထိုလူတွေကိုသတ်ဖို့က ဘောပင်တစ်ချောင်းနဲ့ အချိန် ၁ မိနစ်သာလိုသည်။

တုန်လှုပ်စေ ဘယ်လိုလုပ်မလဲဆိုတာသိချင်တာကြောင့် ဘာမှမခုခံဘဲ ကြောက်ချင်ယောင်ဆောင်လိုက်သည်။

ထိုလူတွေ သူ့ကိုထိုးခါနီး

"ရပ်လိုက်"

ဆိုတဲ့ဩဇာအာဏာပါတဲ့ အသံကထွက်ပေါ်လာသည်။အသံပိုင်ရှင်ကို ကြည့်လိုက်တော့ အဖြူအစိမ်းနဲ့ ချစ်ဖို့ကောင်းနေတဲ့ တုန်လှုပ်စေဖြစ်နေသည်။

အော်သွယ်တော် system Where stories live. Discover now