6.15

390 28 4
                                    

<Unicode>
နာရီဝက်ကြာပြီးနောက်မှာတော့ အဖွဲ့တွေလည်းရောက်ကုန်ကြသလို အားပေးဖို့လာတဲ့ပရိသတ်တွေလည်း ခုံတွေမှာအပြည့်ဖြစ်သွားသည်။

ပရိတ်သတ်တွေထဲက 3 ပုံ 1 ပုံက

"အိုင်း"

ဆိုတဲ့ စာလုံးကို ဆိုင်ပုဒ်ရေးပြီးကိုင်ဆောင်ထားသည်။ကျန်တဲ့ 3 ပုံထဲကနောက်တစ် တစ်ပုံကတော့

"ယိ "

ဆိုတဲ့စာလုံးကို ကဗျာ စာသားများရေးထားတဲ့ဆိုင်ပုဒ်ကိုကိုင်ဆောင်ထားကြသည်။နောက်ဆုံး တစ်ပုံကတော့ တော်တဲ့သူကိုအားပေးဖို့ ပူစီပေါင်းအချောင်းနှစ်ခုကိုကိုင်ထားကြသည်။

ကျင်းယင်(အိုင်းအဖွဲ့ခေါင်းဆောင်)က အရင်ကသူ့အဖွဲ့သားတွေကိုတွေ့တော့ ပြုံးလိုက်မိသည်။

ယီးချည်တို့အဖွဲ့နားလာပြီး

"မတွေ့ရတာကြာပြီနော် ချန်ရှင်းယွဲ့"

"အင်း"

"မင်းတို့လည်း ပြိုင်ပွဲကိုလာပြိုင်ကြတာလား YQ. တစ်ခါမှမကြားဖူးဘူးရော"

"ဘာကိစ္စလဲ"

"အရှုံးသမားတွေကိုလာနှုတ်ဆက်တာ သွားလိုက်အုံးမယ်နော်"

ဘာမှမသိတဲ့ပိုင်ရှို့ချင်းကသာ ကြောင်တောင်တောင်နဲ့ထိုင်နေပေမဲ့ ကျန်တဲ့ ၄ ယောက်ကတော့ စိတ်တိုသူကတို ဒေါသထွက်သူကထွက်နဲ့ဖြစ်နေသည်။

'ဟေး သားသားလေး'

'ဗျာကောကော'

'သူတို့အဖွဲ့က ဘာလို့ပျက်သွားတာလဲ'

'ဇာတ်ကြောင်းထဲမှာမပါတော့မသိပါဘူးကောကော'

'ရှာလေ'

'ရှာခ points 100 နှုတ်လိုက်ရမလား'

'တော်ပြီမနှုတ်နဲ့တော့ ငါ့ mission ထဲမှာသူတို့အကြောင်းရှာဖို့မပါဘူးလေ'

'ဟုတ်'

သိပ်မကြာခင်မှာဘဲ အစောင့်တစ်ယောက်ကသူတို့တွေဆီရောက်လာပြီး

"ပြိုင်ပွဲစတော့မှာမို့ အကုန်လုံးထိုင်ခုံမှာနေရာလာယူပေးကြပါ"

ဆိုပြီးပြောလာသည်။သူတို့မှာ ပြိုင်ပွဲဝင်တွေထိုင်ဖို့ ရှေ့ဆုံးမှာ ထိုင်ခုံလိုင်း ၃ လိုင်းစီစဉ်ပေးထားသည်။

အော်သွယ်တော် system Where stories live. Discover now