6.4

483 34 15
                                    

<Unicode>
တစ်ခြားအဖွဲ့ဝင်တွေကလည်း သူတို့အဖွဲ့ဝင်သေဆုံးသွားတာကိုသိတော့ နတ်ဆိုးနဲ့ခရမ်းချဉ်သီးရှိရာဆီ ဦးတည်ကာလာကြတော့သည်။

နတ်ဆိုး သူ့နောက်မှာရပ်နေတဲ့ခရမ်းချဉ်သီးကိုကြည့်လိုက်ပြီး

"သူတို့နှစ်ယောက်ရဲ့သေနတ်ကို ကောက်ပြီးယူလိုက်"

"ဟင် ယူလို့ရလို့လား"

"ရတယ် ဒါကိုပစ္စည်းကောက်တယ်လို့ခေါ်တယ် မှတ်ထား ယူပြီးသိမ်းထားလိုက် နောက်ကျရင် အဲ့ပစ္စည်းတွေကိုဖျက်စီးပြီး လိုအပ်တဲ့အပိုင်းအစတွေယူပြီး မင်းသေနတ်ကိုအဆင်မြင့်လိုက်"

"အော်"

"အခုတော့ တခြားနေရာကိုအမြန်ထွက်ပြေးရအောင် ဒီကိုလူလာနေပြီ"

"ဟုတ်"

နတ်ဆိုး တစ်ပါးသူက သူ့စကားကိုမြေဝယ်မကျနားထောင်နေတာကိုကြည့်ပြီး အပြုံးကြီးကြီးပေါ်လာသည်။

သူ့အပြုံးကို ခရမ်းချဉ်သီးကတွေ့တော့ အပြင်ပန်းမှာနားမလည်သလိုပုံစံနဲ့ကြည့်နေပေမဲ့ စိတ်ထဲမှာတော့ သူလည်းပြုံးနေမိသည်။အပြုံးက နတ်ဆိုးလိုမဖြူစင်ပေမဲ့ပေါ့...

နတ်ဆိုးမြေပုံကို တစ်ချက်လှမ်းထောက်လိုက်ပြီး တစ်ခြားတပ်ကသူတွေကိုတိုက်ခိုက်ဖို့လမ်းကြောင်းရွေးလိုက်သည်။

"အဝါရောင်တပ်ဆီသွားကြမယ် ပြီးရင် မင်းကို ငါလက်နက်အဆင့်မြင့်တဲ့နည်းသင်ပေးမယ်"

"နတ်ဆိုးကလေးက တော်လိုက်တာ "

"ဒါပေါ့"

နတ်ဆိုးလှံဓါးကို မြေပြင်မှာတစ်ချက်ထောက်လိုက်ပြီး လေပေါ်ခုန်တက်ကာ အရှေ့မှာကာထားတဲ့ ကျောက်တုံးကြီးကို ခုန်ကျော်လိုက်သည်။

တစ်ခြားတစ်ဖက်မှာရပ်‌နေပြီး

"ခရမ်းချဉ်သီးခုန်တက်လာခဲ့"

"ကျနော်ကြိုးစားနေတယ်"

ခရမ်းချဉ်သီးသူ့အနားရောက်လာတဲ့ တိုက်ခိုက်သူနဲ့ကူညီကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခြမ်းစောင်းအပြုံးပြုံးပြလိုက်သည်။

တစ်ခြားဘက်မှာရှိနေတဲ့ နတ်ဆိုးအသံမကြားတာကြောင့်

"ခရမ်းချဉ်သီးတက်လို့ရလား မရရင်ကိုယ်ပြန်လာခဲ့မယ်"

အော်သွယ်တော် system Where stories live. Discover now