2.2

1K 66 4
                                    

<Unicode>
(ရှောင်းကျန့်ကို ကျောက်ဆန်းယွင်လို့ရေးပြီနော်)

ပြန်လာကတည်းက ကျောက်ဆန်းယွင်ကို အကုန်လုံး မျက်စောင်းထိုးပြီး တီးတိုးပြောဆိုနေကြသည်။

အကုန်လုံးက ကိုယ့်ထက်သာနေရင် မနာလိုဖြစ်တတ်တာကြောင့် ထိုလူတွေလည်း ကျောက်ဆန်းယွင်ကို မနာလိုဖြစ်နေကြခြင်းပင်...

ကျောက်ဆန်းယွင်က လှပတဲ့သူမို့ အခန်းသီးသန့်နေရသည်။ထို့ကြောင့် ဒီအချိန်ထိ သူ့ကို ယောက်ျားလေးမှန်း ဘယ်သူမှမသိကြတာဖြစ်သည်။

လှပတဲ့မျက်နှာ မိန်းကလေးလို နူးညံ့တဲ့အသားအရေ ပြေပြစ်တဲ့ခန္ဓာကိုယ်အချိုးအစား ကြောင့် ယောက်ျားလေးလိုမထင်ကြတာ ပိုမှန်မည်....

ကျောက်ဆန်းယွင်သူ့အခန်းပြန်ပြီး နားဖို့ပြင်ဝောာ့ သူ့အခန်းရှေ့မှာ ကောင်မလေးတစ်စုက လာရပ်ပြီး ထေ့ငေါ့လာကြသည်။

G 1-"အဟက် သီချင်းလေးတစ်ပုဒ်တီးပြတာ ကံကောင်းလို့ ဘုရင်ကသဘောကျသွားတာကို ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘာတဲ့ အတော်ဆုံးဂီတပညာရှင်အဖြစ်ကြော်ငြာပေးတဲ့ အရှက်ကိုမရှိဘူး"

"မင်းတီးတဲ့ သီချင်းကရော ကောင်းလို့လား ငါကြားတာတော့ တင် တင် တင် တူတူတူ ဘာတီးနေမှန်းကိုမသိဘူး"

G 2- "ရှင် အချင်းချင်းကို အဲ့လိုပြောစရာလား စိတ်ဓါတ်အောက်တန်းကျလိုက်တာ"

"သူလာပြောတာမကြားတာလား နားကန်းနေတာလား အရင်လာပြောတာ ဘယ်သူလဲ "

G 2- "ရှင်အခု ကျမကို နားကန်းတဲ့သူလို့ပြောလိုက်တာလား"

"ကြားတဲ့အတိုင်းဘဲ"

G 1- "ဘုရင်က အတော်ဆုံးဂီတပညာရှင်လို့ကြော်ငြာပေးလိုက်တာနဲ့ လေပေါ်ရောက်သွားပြီး အချင်းချင်းကိုတောင် နှိမ်နေပြီဘဲ "

G 3 ၊G 4- "ဟုတ်ပ "

"ခွေးရူးကို နောက်က လေလွှင့်ခွေးတွေ ထောက်ခံနေတဲ့အသံတွေကြားရတာ နားသနတယ် ငါ့အခန်းရှေ့ကဖယ်ကြ"

G All- "မဖယ်တော့ဘာဖြစ်လဲ"

ဆိုပြီး မိန်းကလေး‌ ၄ ယောက်က အခန်းရှေ့မှာ ပိုပိတ်ရပ်လိုက်ကာ လက်ပိုက်ရင်း မျက်နှာကိုမော့ချီရင်းပြောလာကြသည်။

အော်သွယ်တော် system Where stories live. Discover now