<Unicode>
နောက်တစ်နေ့မှာတော့ နှစ်ယောက်သားက နေရောင်နွေးနွေးကြောင့် နိုးထလာခဲ့သည်။ဇီက ဇူးရဲ့လက်မောင်းမှာ ခေါင်းအုံးပြီး ဇူးက ဇီရဲ့မျက်နှာကိုမြင်ရဖို့ တစ်စောင်းအိပ်နေခဲ့သည်။သူတို့မသိတာက မနေ့ညက သူတို့လိုဘဲ တစ်နေရာမှာလည်း ချစ်ပွဲနွဲနေတယ်ဆိုတာပင်...ဇီသူ့မျက်နှာပေါ် နေရောင်ကျလာတာကြောင့် မျက်မှောင့်ကြုံ့လာသည်။
ဇူးကဒါကိုတွေ့တော့ သူ့လက်ဖဝါးကျယ်ကျယ်နဲ့ နေရောင်ကိုကာပေးလိုက်သည်။ထိုအခါမှ ဇီရဲ့မျက်မှောင်ကြုံ့တာက ပြေလျော့လာသည်။
ဇီရဲ့နဖူးပြင်ကို ဇူး တစ်ချက်နမ်းလိုက်ပြီး
"ငပျင်းလေး ထတော့"
"ဘာငပျင်းလည်း သူ့ကြောင့်ပင်ပန်းနေတာကို မသိတာလား "
"သိပါ့ဗျာ ကိုယ်အိမ်ပြန်ပို့ရမလား"
"မပို့လို့ ကိုကိုက ကလေးကို ဒီမှာဘဲချန်ခဲ့မလို့လား"
"မချန်ခဲ့ရပါဘူးဗျာ ကိုယ့်အိမ်ခေါ်သွားမလာလို့ ပြီးတော့ လက်ထပ်ပွဲကိုလည်းအမြန်လုပ်ချင်နေပြီ"
"အရင်ဆုံး ကလေးအိမ်ပြန်ကြမယ် အမေတို့ကိုခေါ်ပြီး ကိုကို့အိမ်သွားကြမယ် ဘယ်လိုလဲ"
"ကလေးသဘော"
ဇူးလည်း ဇီရဲ့ကိုယ်လုံးကို မင်းသမီးချီသလိုချီလိုက်ပြီး လင်းနို့တွေအဖြစ်ပြောင်းကာ ဇီရဲ့အိမ်ကို ပျံသန်းသွားလေသည်။
ဇီအိမ်ရောက်တော့ သူ့မိဘနှစ်ပါးက မနက်စာထိုင်စားနေကြသည်။ဇူးရဲ့လက်မောင်းပေါ်မှာအချီခံထားရတဲ့ဇီကိုတွေ့လိုက်တော့ ဇီရဲ့အမေက အံဩသွားသလိုဖြစ်ပြီး
"သား အခန်းမှာအိပ်နေတာမဟုတ်ဘူးလား ဘယ်လိုလုပ် အပြင်မှာရောက်နေတာလဲ ဟိုကောင်လေးက ဇူးဟုတ်တယ်မလား"
ဇီသူ့အမေကြောင့် မနေ့ညက အိမ်က မထွက်လာခင် စောင်ကို လူပုံစံလုပ်ပြီး အပေါ်ကနေ စောင်ပါးကိုထပ်အုပ်ခဲ့တာကို သတိရလိုက်သည်။
"ဟီး မေမေ သားမနေ့ညက အပြင်မှာ ကိုကိုနဲ့ လိပ်ပြာတွေသွားကြည့်တာ"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)