<Unicode>
ခရီးသွား ကားပေါ်တွင် ကျောင်းသူ၊ကျောင်းသားများရဲ့ အသံက ဆူညံနေသည်။ဆော့သူကဆော့ပြီး လေပေါသူကပေါနေကြသည်။တုန်လှုပ်စေကတော့ camera တစ်ခုနဲ့ ပတ်ဝန်းကျင်ကို လိုက်ရိုက်နေသည်။ဆရာ၊မ တွေကလည်း ပျော်နေတဲ့ကျောင်းသားတွေကိုကြည့်ပြီး ပြုံးနေကြသည်။
သူတို့ကျောင်းမှာက ကျောင်းသား 500 ကျော်ရှိတာမို့ ကားကလည်း အစီး 20 လောက်ရှိသည်။
ကားစရိတ်တွေအကုန်လုံးကိုတော့ ထူးထူးခြားခြားကျောင်းအုပ်ကြီးက နှမြောခြင်းမရှိပေးလေသည်။
(နာမည်ဝင်ယူနေသည်)
ကျောင်းအုပ်ကြီးက သူတို့ကို ဘယ်ခေါ်လာလဲဆိုတော့ ရေပူစမ်းတစ်ခုဆီခေါ်လာသည်။ဒီရေပူစမ်းက တောအရမ်းကျတာမို့သိသူက ရှားသည်။
ဒါကိုကျောင်းအုပ်ကြီးက ဘယ်လိုသိမှန်းမသိဘူး...မြို့ထဲကနေ ၃ နာရီနီးပါး ကားစီးလာပြီးနောက် ရေပူစမ်းသို့ရောက်ရှိလာတော့သည်။
ရေပူစမ်းမရောက်ခင် ၁၅ မိနစ်အလိုမှာတော့ ကားဝင်မရတာကြောင့် ပစ္စည်းတွေကို နိုင်သလောက်သယ်ပြီး လမ်းလျှောက်ရသေးသည်။
တုန်လှုပ်စေလည်း ရေပူတွေထွက်နေပုံကို ဓါတ်ပုံလှလှလေးဖြစ်အောင်ရိုက်နေသည်။အကုန်လုံးက နားပြီး ခဏအကြာမှာ နေရာရှင်းလင်းကာ တဲထိုးကြတော့သည်။
တစ်ချို့ကျောင်းသားတွေက ဒီလိုတောကိုလာရမယ်မှန်းမထင်တာကြောင့် တဲထိုးဖို့ပစ္စည်းတွေမပါလာကြဘူး...
ကျောင်းအုပ်ကြီးက စေတနာအပြည့်နဲ့ ပစ္စည်းတွေကိုထုတ်ပေးလာသည်။တစ်နာရီနီးပါးကြာမြင့်ပြီးချိန်မှာတော့ နေဖို့ထိုင်ဖို့အဆင်သင့်ဖြစ်သွားတော့သည်။
ဗိုက်ကအချက်ပြလာပြီမို့ ပါလာတဲ့စားစရာတွေကို အဖွဲ့လိုက်စုပြီးစားသောက်ကြတော့သည်။
ထို့နောက်မှာတော့ ယောက်ျားလေးတွေက မီးလှုံဖို့ ထင်းခြောက်သွားရှာကာ မိန်းကလေးတွေက ပစ္စည်းတွေကို နေရာတကျထားနေကြသည်။
တဲမှာအတူတူနေဖို့က မိမိနေချင်တဲ့လူတွေကိုခေါ်ပြီး တဲတစ်ခုမှာ ၁၀ ယောက်အိပ်ရသည်။
![](https://img.wattpad.com/cover/364231147-288-k438759.jpg)