1.5

1.2K 71 2
                                    

<Unicode>
ကျောင်းတက်ခေါင်းလောင်းထိုးပြီး နိုင်ငံတော်သီချင်းဆိုပြီးနောက် ဆရာမတွေက စာသင်ဖို့ဝင်လာကြသည်။

ထုံးစံအတိုင်းနှုတ်ဆက်ပြီး စာစသင်တော့သည်။အိမ်စာပေးထားတဲ့ဆရာ၊ဆရာမအချိန်ဆို တုန်လှုပ်စေက ထပ်ထားတဲ့စာအုပ်ကို သွားပြသည်။

ဆရာ၊ဆရာမတွေကလည်း စာကိုသေချာလုပ်နေတဲ့ကျောင်းသူ၊ကျောင်းသားတွေကြောင့် အပြုံးမရပ်ပေ...

ထူးခြားတာ တစ်ခုက မနေ့က တုန်လှုပ်စေ စကားနားမထောင်တဲ့ ဗလ‌တောင့်နှစ်ယောက်က ပတ်တီးတွေနဲ့ကျောင်းကိုလာတာပင်...

မနေ့ညက မြင်တိုင်းချစ်က လမ်းမှာ သွားဆုံးမထားတာကိုတော့ တို့ MC တုန်လှုပ်စေတစ်ယောက် သိမည်မထင်...

10 F ဆိုတဲ့အတန်းကအခုဆို  ဆရာ၊ဆရာမတွေကြားတင်မက ကျောင်းက ကျောင်းသား၊ကျောင်းသူတွေကြားမှာ နာမည်ကျော်နေသည်။

စာမှာလား အားကစားမှာလား ဘယ်မှာမေးမေး 10 F အတန်းကလူမပါတာမရှိ ကျောင်းက အားကိုးရတဲ့ ကျောင်းသား၊သူ စုနေတဲ့အတန်းပြောပါ‌ဆို အကုန်လုံးက 10 F ကိုသာလက်ညိုးထိုးကြလိမ့်မည်။

မကြာခင်မှာပင် နောက်ဆုံးအတန်းတင်စာမေးပွဲဖြေဆိုမဲ့နေ့ကိုရောက်လို့လာသည်။

10 F ကလူတွေက အရင်ကနဲ့မတူဝောာ့တာမို့ စာတွေဆိုတာ အကုန်အလွတ်ရနေပြီ..ဘာလို့ရတာလဲ မေးရင် တုန်လှုပ်စေကြောင့်ဟုပြန်ဖြေရမည်။

တုန်လှုပ်စေက မနက်တိုင်းတုတ်တစ်ချောင်းနဲ့ စောင့်နေတာမို့ ညဆို စာမရရင်မအိပ်တဲ့အချိန်တွေများသည်။

အိမ်က မိဘတွေဝောာင် စာအရမ်းလုပ်လာတဲ့ သူတို့ကို အံဩနေသေးသည်။တုန်လှုပ်စေ စာပြန်ကျက်နေချိန် ဘေးမှာထိုင်နေတဲ့မြင်တိုင်းချစ်က

"တုန်လှုပ်စေ စာတွေရပြီလား"

"အေးဆေးပြီ မင်းရော"

"အင်း ငါလည်းရပြီ ဒါနဲ့နေ့လည်ကြရင် နေ့လည်စာအတူစားလို့ရမလား"

"ရပါတယ် ဒါနဲ့ မင်းက စာမေးပွဲအောင်ရင် ဘာလုပ်မယ်စိတ်ကူးထားလဲ"

အော်သွယ်တော် system Where stories live. Discover now