3.2

821 57 5
                                    

<Unicode>
နံပတ် ၁၃ ရဲ့နာမည်က မန်ဂျူးနား ဖြစ်ပြီး ဝန်ကြီးရဲ့တစ်ဦးတည်းသောသမီးဖြစ်သည်။ငယ်စဉ်ကတည်းက အပြေးကစားရတာကိုဝါသနာပါသူဖြစ်သည်။

ဖခင်ဝန်ကြီးကလည်းထောက်ပံ့ပေးတာမို့ အရာရာအဆင်ပြေခဲ့သည်။သို့သော် ဒီနေ့ပြိုင်တဲ့ပွဲမှာတော့ တစ်ခါမှမရဖူးတဲ့ ဒုတိယဆိုတဲ့ဆုကိုရခဲ့သည်။

မူလဇာတ်ကြောင်းမှာလည်း ဒီလိုသာဖြစ်ခဲ့သည်။ဝန်ကြီးက သူ့သမီးကို ပထမသာမျှော်လင့်ထားတာကြောင့် ဒုတိယရတော့ဆူပူခဲ့သည်။

တိုင်းပြည်အလိုက်ပြိုင်ပွဲမှာဝင်ပြိုင်နိုင်ဖို့အတွက်လည်းဖိအားအများအပြားပေးခဲ့သည်။

မန်ဂျူးနားလည်း အရှက်ကွဲတာရော ဖခင်ဆီက ဖိအားပေးတာရောပေါင်းပြီး ရာအန်ဒါကိုမုန်းတီးလာတော့သည်။

ထို့ကြောင့် တိုင်းပြည်အလိုက်ပြိုင်ပွဲမကျင်းပမှီတစ်ပတ်အလိုမှာ accident ဖြစ်အောင်ပြုလုပ်ကာ ရာအန်ဒါနေရာမှာ သူဝင်ပြိုင်ခဲ့သည်။

ဒါပေမဲ့လည်းဆုမရခဲ့ပေ...

'သားသားလေးရေ ဒါဆို ရာအန်ဒါပြိုင်မရအောင်လုပ်တာက မန်ဂျူးနားပေါ့'

'ဟုတ်ပါတယ် ဒီဖြစ်စဉ်တွေကို host ကမဖြစ်အောင်လုပ်ရမှာပါ'

'မင်းပြောတော့ တရားမျှတမှုရ‌‌အောင်ဆို အခုကြပြန်တားခိုင်းနေတယ်'

'တရားမျှတမှုရအောင်ဆိုတာက မူလရာအန်ဒါအတွက်ပါ ဒီကိစ္စကိုမဖြစ်အောင်တားနိုင်ပြီး မန်ဂျူးနားကို ဒီပြိုင်ပွဲမဝင်နိုင်အောင်လုပ်ရင်လည်း mission အောင်ပါတယ်'

'ငါနားလည်ပြီ'

အာရမ်တို့မိသားစုလည်း ဆုတွေပိုက်ကာ ပျော်ရွှင်စွာအိမ်ကိုပြန်သွားကြသည်။အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးရင်း ရာအန်ဒါ accident ဖြစ်မဲ့နေ့သို့ရောက်ရှိလာသည်။

မနက်ကတည်းက အမေက သူတို့မောင်နှမကို ပိုက်ဆံ ရူပီ ၁၀၀၀ ပေးပြီးဈေးဝယ်ခိုင်းခဲ့သည်။

ရာအန်ဒါအတွက် boots ဖိနပ်အသစ်ဝယ်ဖို့အတွက် ကားနဲ့မြို့တက်ခဲ့သည်။ပိုက်ဆံကိုင်ပြီး မဝယ်သေးဘဲဆိုင်ထဲလိုက်ကြည့်နေကြသည်။

အော်သွယ်တော် system Where stories live. Discover now