2.6

1K 65 10
                                    

<Unicode>
"အရှင်မင်းကြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကသေဆုံးသွားတဲ့ ကိုယ်လုပ်တော်ရဲ့ သားတော်မှာ ပါတဲ့အမှတ်အသားမှတ်မိပါရဲ့လား"

"မှတ်မိတာပေါ့ ခါးမှာ လိပ်ပြာပုံလေးဟုတ်တယ်မလား အမှတ်အသားက ထူးဆန်းလို့ မှတ်မိနေတာ"

လက်သည်အဘွားအိုက ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ပြပြီး

"လူလေး ခါးကအမှတ်အသားကို ပြလိုက်ပါ"

ကျောက်ဆန်းယွင်လည်း ခေါင်းငြိမ့်ပြပြီး ခါးပေါ်က အမှတ်အသားကိုပြလိုက်သည်။ထိုအချိန် နန်းဆောင်ထဲကို မိဖုရားဝင်လာ‌လေသည်။

ကျောက်ဆန်းယွင်ရဲ့ ခါးပေါ်က အမှတ်အသားကိုတွေ့တော့ အံဩသွားလေသည်။

အရှင်မင်းကြီးကို ကြည့်ပြီး

"အရှင် သူလေးက "

"ဟုတ်တယ်အချစ် သူက ကိုယ်ရှာနေတဲ့ သားတော်ဘဲ"

"ဝမ်းသာပါတယ်အရှင်"

"သားတော်ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် လက်သည် သားတော်ကိုဘယ်လိုရှာတွေ့ခဲ့တာလဲ "

"ဒီလိုပါ အရှင်မင်းကြီး ကျနော်မျိုးမနဲ့မြေးနောက်ကို လျိုအမတ်ကြီးရဲ့လူတွေက လိုက်သတ်ချိန် အရှင့်သားက ကယ်တင်ပေးခဲ့တာပါ"

"လျိုအမတ်ကြီးရဲ့လူတွေက အဘယ်ကြောင့်လိုက်သတ်ရတာလဲ"

"လွန်ခဲ့တဲ့ အနှစ် ၂၀ က အရှင့်သားကို မွေးဖွားချိန် လျိုအမတ်ကြီးက ထီးနန်းဆက်ခံသူမရှိရအောင် အရှင့်သားကိုခေါ်ဆောင်သွားခဲ့ပါတယ် သားတော်ခိုးခံရတာသိသွားတဲ့ ကိုယ်လုပ်တော်က အသွေးသားနုချိန်မို့ ထိတ်လန့်ပြီး သေဆုံးသွားရတာပါ ဒီကိစ္စတွေကို ကျနော်မျိုးတွေ့လိုက်ရတာကြောင့် လျိုအမတ်ကြီးက ကျနော်မျိူး‌နောက် လိုက်ပြီးသတ်စေခဲ့ပါတယ် ကံကောင်းတာက မုဆိုးတွေနဲ့တွေ့ပြီး အသက်ရှင်ခဲ့ရပါတယ် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ပေမဲ့ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး သိသွားလဲမသိပါဘူး ကျနော်မျိုးမကို ကယ်တင်ထားသူတွေလည်းအသတ်ခံလိုက်ရပြီး ဒီမြေးနဲ့ ကျနော်မျိုးမဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ရတာပါ"

အော်သွယ်တော် system Where stories live. Discover now