💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 4သန့်သီဟနောင်ကားက ခြံထဲကို ဝင်ဝင်လာချင်းတွေ့လိုက်ရတဲ့မြင်ကွင်းက.....
နုလေးသည် ကလေးတစ်ယောက်ရဲ့ လက်ကို လိမ်ချိုးပစ်နေတာဖြစ်ပြီး ကလေးက နာလို့ အော်နေကာ မေမေက ခွဲထုတ်နေလည်း မရဖြစ်နေလေသည်...
"နုလေး လွှတ် ညီမလေး လွှတ်လိုက် ကိုကိုပြောနေတယ်လေ "
"နုလေး ကိုကိုပြောနေတယ်လေ !!"
သူအသံကြားတော့ မော့ကြည့်လာတဲ့ နုလေးရဲ့ မျက်လုံးတွေထဲမှာ ဒေါသရိပ်လေးတွေ တွေ့လိုက်ရတာမို့ သန့်သီဟနောင် အံ့ဩသွားရသည်....
နုလေးက အေးဆေး သိမ်မွေ့ပြီး အင်မတန် အပြစ်ကင်းစင် နူးညံ့လှတဲ့ ကလေးမလေးပါ .....
အပြုံးချိုချိုလေးနဲ့သာ တွဲပြီး မြင်တွေ့ဖူးနေကြမို့ ဒီအနေအထားက သူ့အတွက် စိမ်းသက်နေလေသည်...နုလေးက ဟိုကလေးမလေးရဲ့ ခြေထောက်ကို လက်ညိုးထိုးပြပြီး....
"သူ သူက နု ဖိနပ်ကို ယူထားတယ် ကိုကို''
''ဟင်''
သူ ငုံ့ကြည့်လိုက်တော့ သူ ကိုရီယားကနေ ပြန်လာတုန်းက ဝယ်လာပေးခဲ့တဲ့ ဖိနပ်လေး
စီးနေတာ ကြာပြီမို့ ဖိနပ်လေးက အတော်တောင် ဟောင်းနေပါပြီ.....သူ နုလေးကို ပြုံးပြလိုက်ရင်း....
"လာပါ နုလေးရယ် ကိုကို ပြန်ဝယ်ပေးမှာပေါ့ ''
နုလေးက ခေါင်းကို တွင်တွင်ခါနေပြီး ....
''ဟင့်အင်း ဟင့်အင်း ကိုကို ဒါ နုဟာပါဆို "
''ကိုကို အသစ်ပြန်ဝယ်ပေးမယ်လို့''
''ဟင့်အင်း ဒါ နု ဖိနပ် ပေး ပြန်ပေးလို့"
''နု..လေး!!"
နုလေးကို သူ ခပ်ဆတ်ဆတ် ခေါ်လိုက်ရင်းမေမေ့မျက်နှာဆီ အကြည့်ရောက်မိတော့ သူ့ကို တောင်းပန်နေသလို မျက်ဝန်းတွေနဲ့ အကြည့်ချင်း ဆုံလေသည်.....
နုလေးရဲ့ ဒီအနေအထားကို မြင်ပြီး သူစိတ်ပျက်သွားမှာ စိုးရွံ့နေရှာတဲ့ မေမေ့ရဲ့ မျက်ဝန်းတွေထဲမှာ သူ့သမီးထွေးလေးအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို သူအမိအရ မြင်လိုက်ရတာမို့ ရင်ထဲမှာ သိမ့်ခနဲ ခံစားလိုက်ရသည် .....
![](https://img.wattpad.com/cover/368526360-288-k52922.jpg)
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...