Part _ 71

44.8K 1.7K 139
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _71

"ဟယ် ကိုနေစက်က ဥတယ် ဟုတ်လား ဒါဆို ကိုနေစက်က ကြက်လား  ဘဲလား ဟင် "

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ထင်နေတဲ့ အတိုင်း....

"ဟာ နုလေးသွယ် နင်ကတော့ လုပ်ပြီ "

"သူလား သူက ဘဲလေ ငါတောင် သူ့ကို ဘဲလေးလို့ ခေါ်တာ''

အောင်မြင်ကျယ်လောင်သော  အသံကျယ်ကြီးက ဆိုင်အဝင်ဝကနေ ထွက်ပေါ်လာတာမို့ သျှင်နေစက်မျက်နှာကြီးက ရှုံ့မဲ့သွားရသည်.....

"ကျစ် ဘဲကြီး ခင်ဗျားဗျာ  ဒီမှာ နုလေးသွယ်တစ်ယောက်နဲ့တင် အုံးစားနေပါတယ်ဆို ခင်ဗျားက တမှောင့် ဒီစကားပြောတဲ့ ဒီအချိန်မှာမှ ကွက်တိကြီး ရောက်လာရသလား"

''လင်းခေတ်မင်းတို့က အကြားအမြင် ရနေတာကွ မင်းကို နှိပ်ကွပ်ဖို့ဆို ငါအမြဲသိတယ် ကြားတယ် ''

'''ဘဲကြီး!!!!'''

'''ဘာလဲ ဘဲလေး'''

"ဘဲလေး သူတို့က ဘယ်သူတွေလဲ "

"ကိုဟန်ခမ်းတို့ အမျိုးလို့သာသိထားလိုက်တော့ ဘဲကြီးရာ  ဒီဘက်က ကိုသန့်သီဟနောင် ဒီဘက်ကသူ့အမျိုးသမီး နုလေးသွယ်တဲ့ Shwe Nu Fashionက သူဌေးလေ "

လင်းခေတ်မင်းက ခေါင်းညိတ်နှုတ်ဆက်လိုက်တော့ သန့်သီဟနောင်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်...

"ကိုသီဟ ဒီက Lynn Paradiseက Boss ဘဲကြီး လင်းခေတ်မင်း တဲ့ "

နုလေး မျက်နှာက အမျိုးမျိုးတွေးတောစဥ်းစားနေရင်း....

''ကိုကို့ သူတို့က သမန်းဘဲတွေလား''

''နုလေး''

''ဘာ''

''ဟ''

''ဘာသမန်းဘဲလဲ မင်းဂျီးဒေါ်ကြီးကို သမန်းဘဲပါလား''

"မလေးရှားစုန်းကားတွေ ကြည့်ရင်လေ မိချောင်းကြီးက လူလိုလည်း ရုပ်ပြောင်းရုပ်လွှဲ လုပ်လို့ရတယ် မိန်းမလည်းယူတယ်  ကလေးလည်း မွေးတယ် ရေထဲဆင်းသွားရင် မိချောင်း ကုန်းပေါ်မှာဆိုလူ "

''တိတ်စမ်း ဘာသမန်းမိချောင်းလဲ ဘာတွေလျှောက်ပြောနေမှန်း မသိဘူး ''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now