💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _34''ပြေးထား ပြေးထား မီလို့ကတော့နော် အဟမ်းဟမ်း သိတယ် မဟုတ်လား "
''No ပါ''
''အာ ဒီကလေး''
''ဟင်းဟင်းဟင်း''
''ဟားဟားဟား''
မနက်မိုးလင်းလို့ နှင်း နိုးလာတော့ ကိုယ်လက်သန့်စင်ပြီး အိမ်ရှေ့ကို ထွက်လာလိုက်သည် ....
အိမ်အပြင်ကိုတောင် မရောက်သေး မနက် စောစော ထပြေးပြီး ပြန်လာကြပုံရတဲ့ မောင်နဲ့ ဟိုကောင်မလေးရဲ့ အသံကို အရင် ကြားလိုက်ရတော့သည်.....ဘေးမှာ အဖြူစင်းလေးတွေပါတဲ့ ဘဲခေါင်းစိမ်းရောင် ထရက်စု ဆင်တူလေးဝတ်ထားတဲ့ မောင်တို့ နှစ်ယောက်ဟာ ကြည့်လိုက်တာနဲ့ ရှေ့သွားနောက်လိုက် ညီပြီး ချစ်စရာ ကောင်းလှတဲ့ စုံတွဲလေး ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်သလို နှင်းကိုယ်တိုင်လည်း မငြင်းနိုင်ပါ ....
ဒါပေမယ့် နှင်းစိတ်ထဲမှာ ဘယ်လိုမှ မရှုစိမ့်နိုင်တော့ မျက်နှာကို မဲ့ပစ်လိုက်မိသည် .....မြင့်မားလှတဲ့ အရပ်ကြီးနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အချိုးအစားက တည်ကြည်လှတဲ့ မောင့်မျက်နှာကို ပိုပြီးတော့ ခန့်ညားစေကာ မဖြူမညိုနဲ့ စိုနေတဲ့ မောင့်အသားအရည်ဟာ ချွေးတွေထွက်နေတော့ ပြောင်ပြောင်လေး ဖြစ်လို့နေလေသည် .....
အပြင်သွားရင် ဆံပင်ကို ဆီထည့်ပြီး သေသပ်စွာ ဖြီးသင်ထားတဲ့ပုံက မောင့်မျက်နှာကျနဲ့ လိုက်ဖက်ကြည့်ကောင်းလှသလို အခုလိုမျိုး ဖရိုဖရဲလေး ကျနေတော့လည်း လူငယ်ဆန်ကာ နုပျိုနေလေသည် ....
ဟိုကလေးမနဲ့ ပိုပြီးတော့ လိုက်ဖက်သွားတယ်လို့ ပြောရမှာပေါ့လေ .....ဘာလဲ မောင်က ဒါ တမင်ကြီး သူ့ကလေးမနဲ့ လိုက်ဖက်အောင် နေနေတာပေါ့လေ ကြည့်စမ်း....
ဟိုကလေးမလေးရဲ့ အသားအရည်က ဖြုဖြူကြည်ကြည်လေးဆိုတော့ ဝတ်ထားတဲ့ ဘဲခေါင်းစိမ်းရောင်ကြောင့် ထင်းနေအောင် လှနေလိုက်တာများ အတွင်းထဲကို ထွင်းဖောက်ပြီး မြင်ရတော့မလားတောင် ထင်နေရသည် ....
မိန်းကလေးတွေမှာ ရှိသင့်ရှိအပ်တဲ့ အလှတရားလေးတွေနဲ့ သွယ်လျလျ ခန္ဓာကိုယ်လေးဟာ ဘယ်တော့ ကြည့်ကြည့် ကြင်နာချင်စရာလေး ဖြစ်သည် .....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...