Part _56

50.4K 1.7K 123
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _56

"စံရိပ်ငြိမ် နှစ်ယောက်''

ကိုကိုက နု နောက်ကနေ ကပ်လျက်ပါလာပြီး ပုံးထဲကို ပိုက်ဆံထည့်နေတာမို့ နု ဆက်လျှောက်လာခဲ့သည်.... နေရာလွတ်တွေ့လို့ နုဝင်ထိုင်လိုက်ပေမယ့် ကိုကိုက လာမထိုင်ဘဲ အနားမှာ ခပ်တည်တည်ကြီး ရပ်နေလေသည် နေရာလွတ်ကို ပုတ်ပြနေပေမယ့် လှည့်တောင် မကြည့်တော့ တခြား တစ်ယောက်က လာဝင်ထိုင်တော့သည်....

"ဟင်''

ဆရာတို့အိမ်မှာတုန်းက ချစ်ဖို့ကောင်းအောင် လည်လှတဲ့ ရှမ်းချောလေးကို စချင်လို့ ဘာ ဆိုပြီး အော်ထည့်လိုက်တာကို နုလေးက သူတကယ်ကြီး စိတ်တိုသွားတယ်ထင်ကာ လာချော့နေလေသည် ....

မိန်းမ ချော့တာခံနေရတဲ့သူက သဘောတွေ မနောတွေ ခွေ့နေပြီး အကြာကြီး အချော့ခံချင်လှတာမို့ မျက်နှာကြီးကို တင်းထားလိုက်တော့သည်....
နုလေးက ငါ့ကို ထီးလေး လိုက်ဆောင်းပေးပြီး ချော့နေတာကွ အဟား....

ဖြီးချင်လှတဲ့ ရုပ်ကြီးကို သီဟ ဇွတ်အတင်းတည်ထားလိုက်ရင်း ကောင်လေးတွေ ကြားထဲမှာ သွားရပ်နေလိုက်သည် .....
ဟိုကောင်တွေက အထင်ကြီး အားကျနေတဲ့ ရုပ်ကြီးတွေနဲ့ လာကြည့်လေ သွေးနထင်ရောက်လေ ဖြစ်နေရတော့သည် .....

လူက သူငယ်ပြန်စိတ်နဲ့ ရွနေမိတာများ နေပူနေလို့ taxi နဲ့ ပြန်မှာကိုတောင် မေ့နေမိလေသည်....
taxi တားမလို့ စိတ်ကူးနေဆဲ ၆၅ ကားကြီးက ထိုးရပ်လာတော့ နုလေးကို မေးဆတ်ပြလိုက်ရတော့သည် .....

တက်ဆိုပြီး ပါးစပ်ဖွင့်ပြီး ပြောရင် မျက်နှာပိုး သပ်လို့မရတဲ့ မျက်နှာကြီးကို နုလေးမြင်ပြီး ဘယ်လောက်တောင်များ ဟားလိုက်မလဲ ....

ဖြူဥနုထွဋ်လှတဲ့ နုလေးရဲ့ အသားလေးတွေက နေရောင်အောက်မှာ လမ်းလျှောက်လာရတော့ နီရဲနေတာကို မြင်ရတော့ သူစိတ်မကောင်း ဖြစ်ကာ ငေးကြည့်နေမိတာမို့ နုလေးဘေးက နေရာလွတ်မှာ ဝင်မထိုင်မိ.....

"ဟင်''

လူတစ်ယောက်က အတင်းဝင်ထိုင်လိုက်တော့ နုလေးက မျက်နှာလေးပျက်ပျက်နဲ့ မော့ကြည့်လာတာမို့ သူ့ရင်ထဲမှာ ဖျင်းခနဲ ဖြစ်သွားရပြီး ဘာမှ မမြင်နိုင်တော့.......

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now